ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
ဒံယေလ 4:19 - မြန်မာ့စံမီသမ္မာကျမ်း ဗေလတရှာဇာ ခေါ် ဒံယေလလည်း အနည်းငယ်မျှတွေဝေနေ၏။ တွေးပြီး ထိတ်လန့်နေ၏။ ရှင်ဘုရင်ကလည်း “ဗေလတရှာဇာ၊ အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ် ဖော်ပြရမည်ကို မစိုးရိမ်ပါနှင့်”ဟု မိန့်ဆိုလျှင် ဗေလတရှာဇာက “အရှင်မင်းကြီး၊ ဤအိပ်မက်သည် မင်းကြီးကိုမုန်းသောသူများအတွက်သာ ဖြစ်ပါစေသော၊ အိပ်မက်အနက်အဓိပ္ပာယ်သည်လည်း မင်းကြီး၏ရန်သူများအတွက်သာ ဖြစ်ပါစေသော။ Common Language Bible ထိုအခါဗေလတရှာဇာဟုလည်းနာမည် တွင်သောဒံယေလသည် အလွန်ထိတ်လန့် သွားသဖြင့်စကားပင်မပြောနိုင်ဘဲနေ ၏။ မင်းကြီးက``အချင်းဗေလတရှာဇာ၊ အိပ်မက်နှင့်အိပ်မက်၏အနက်ကြောင့်ထိတ် လန့်ခြင်းမရှိနှင့်'' ဟုမိန့်တော်မူလျှင်၊ ဗေလတရှာဇာက``အရှင်မင်းကြီး၊ ထိုအိပ် မက်နှင့်အနက်သည်အရှင်၏အတွက်မဟုတ် ဘဲအရှင်၏ရန်သူများအတွက်ဖြစ်ပါစေ သော။- Garrad Bible ထို အ ခါ ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ သည် အ တန် ငယ် မှိုင် တွေ လျက် ဆင် ခြင် ပူ ပန် လေ၏။ ဘု ရင် မင်း က လည်း အ ချင်း ဗေ လ တ ရှာ ဇာ၊ အိပ် မက် နှင့် အ နက် အ တွက် ပူ ပန် သော စိတ် မ ရှိ ပါ နှင့် ဟု မိန့် ဆို သော် ဗေ လ တ ရှာ ဇာ က အ ရှင် မင်း မြတ်၊ အိပ် မက် သည် အ ရှင် ကို မုန်း ထား သူ တို့ အ ပေါ်၌ လည်း ကောင်း၊ အ နက် လည်း ရန် သူ တို့ အ ပေါ်၌ လည်း ကောင်း သင့် ရောက် ပါ စေ သော။ Judson Bible ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည် တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပာယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။ |
ရာခေလသည် မိမိဖခင်အား “ကျွန်မ၏သခင်၊ စိတ်မဆိုးပါနှင့်။ ကျွန်မသည် မိန်းမတို့၏ဓမ္မတာလာနေပါသဖြင့် သခင့်ရှေ့၌ မတ်တတ်မရပ်နိုင်ပါ”ဟု ဆို၏။ ဤသို့ဖြင့် လာဗန်သည် ရှာဖွေသော်လည်း တေရပ်ရုပ်တုတို့ကို မတွေ့ချေ။
‘သခင့်အစေအပါး ယာကုပ်၏ဥစ္စာဖြစ်ပါ၏။ ဤအရာတို့သည် သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင်ဖြစ်ပါ၏။ သူသည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။
ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
ဩဗဒိထွက်သွားစဉ် လမ်းတွင် ဧလိယနှင့်ဆုံ၏။ သူသည် ဧလိယကို မှတ်မိသဖြင့် သူ့ရှေ့တွင်ပျပ်ဝပ်ကာ “အကျွန်ုပ်၏အရှင် ဧလိယပါတကား”ဟု ဆို၏။
သို့သော် သူတို့၏အပြစ်ကိုခွင့်လွှတ်လျှင်လည်း ခွင့်လွှတ်တော်မူပါ။ ထိုသို့မဟုတ်လျှင် ကိုယ်တော်ရေးမှတ်ထားသောစာရင်းမှ အကျွန်ုပ်ကိုပယ်ဖျက်တော်မူပါ”ဟု လျှောက်လေ၏။
သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။
ရှင်ဘုရင်ကလည်း ဗေလတရှာဇာခေါ် ဒံယေလအား “ငါမက်သောအိပ်မက်နှင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်သလော”ဟု မေးလျှင်
အို အရှင်မင်းကြီး၊ မင်းကြီးသည် ဘုရင်တကာတို့၏ဘုရင် ဖြစ်ပါ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မင်းကြီးအား နိုင်ငံတော်နှင့်တကွ တန်ခိုးအာဏာ၊ အစွမ်းသတ္တိ၊ ဂုဏ်သရေတို့ကို ပေးတော်မူပြီ။
အို အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်နှင့် အကျွန်ုပ်၏အရှင်မင်းကြီးအပေါ် ကျရောက်လာမည့် အမြင့်ဆုံးသောအရှင်၏အမိန့်တော်ကား ဤသို့ ဖြစ်၏။
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
ငါဒံယေလ၏အတွင်းဝိညာဉ်သည် ပူဆွေးလျက်ရှိ၏။ ငါမြင်ရသောစိတ်အာရုံကြောင့် ငါထိတ်လန့်နေ၏။
ဤသည်ကား အဖြစ်အပျက်အလုံးစုံတည်း။ ငါဒံယေလသည် အတွေးများကြောင့် စိုးရိမ်ထိတ်လန့်ကာ မျက်စိမျက်နှာပျက်လေ၏။ သို့သော် ထိုအဖြစ်အပျက်တို့ကို ငါ့စိတ်ထဲတွင် သိမ်းဆည်းထားလေ၏”ဟု ဆို၏။
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ဟန္နကလည်း “သခင်၊ ထိုသို့မဟုတ်ပါ။ အကျွန်ုပ်သည် စိတ်သောကရောက်နေသောမိန်းမ ဖြစ်ပါ၏။ စပျစ်ဝိုင် မသောက်ပါ။ သေရည်သေရက်ကိုလည်း မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ မိမိစိတ်ခံစားချက်ကို ဖွင့်ပြနေခြင်းသာဖြစ်ပါ၏။
ထို့နောက် ဒါဝိဒ်သည် လိုဏ်ဂူထဲမှထွက်လာပြီး “အကျွန်ုပ်၏သခင်၊ အရှင်မင်းကြီး”ဟု ရှောလုမင်းကြီး၏နောက်မှ အော်ခေါ်ရာ ရှောလုမင်းကြီးသည် နောက်သို့လှည့်ကြည့်လျှင် ဒါဝိဒ်သည် မြေပေါ်ပျပ်ဝပ်လျက် ဦးချလေ၏။
ထို့ကြောင့် ဒါဝိဒ်က အာဗနာအား “သင်သည် ယောက်ျား မဟုတ်သလော။ အစ္စရေးပြည်တွင် သင့်ကို မည်သူယှဉ်နိုင်သနည်း။ သင့်သခင်ရှင်ဘုရင်ကို အဘယ်ကြောင့် မစောင့်ရှောက်သနည်း။ သင့်သခင်ရှင်ဘုရင်ကို သုတ်သင်ရန် လူတစ်ယောက်ဝင်သွားလေပြီ။
ဧလိကလည်း “သင့်အား မည်သည့်သတင်းစကားကို မိန့်ကြားတော်မူသနည်း။ ငါ့အား ထိမ်ဝှက်မထားပါနှင့်။ မိန့်တော်မူသမျှထဲမှသတင်းစကားတစ်စုံတစ်ခုကို ငါ့အား သင်ထိမ်ဝှက်ထားလျှင် ဘုရားသခင်သည် သင့်ကို ထိုထက်မက စီရင်တော်မူပါစေသော”ဟု ဆို၏။