Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 18:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဩဗဒိ​ထွက်သွား​စဉ် လမ်း​တွင် ဧလိယ​နှင့်​ဆုံ​၏​။ သူ​သည် ဧလိယ​ကို မှတ်မိ​သဖြင့် သူ့​ရှေ့​တွင်​ပျပ်ဝပ်​ကာ “​အကျွန်ုပ်​၏​အရှင် ဧလိယ​ပါ​တကား​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ယင်း​သို့​ထွက်​ခွာ​သွား​စဉ်​သြ​ဗ​ဒိ​သည် ဧ​လိ​ယ နှင့်​ရုတ်​တ​ရက်​တွေ့​ဆုံ​မိ​လေ​သည်။ သူ​သည် ဧ​လိ​ယ​ကို​မှတ်​မိ​သ​ဖြင့်​ဦး​ညွှတ်​ပျပ်​ဝပ် ၍``အ​ရှင်​သည်​အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ​ပါ လော'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 သြ ဗ ဒိ သည် လျှောက် သွား၍ ခ ရီး အ ကြား တွင် ဧ လိ ယ နှင့် တွေ့ ဆုံ သော် မှတ် မိ သ ဖြင့်၊ ကိုယ် တော် သည် ကျွန် တော် အ ရှင် ဧ လိ ယ ပါ လော ဟု ပျပ် ဝပ် မေး လျှောက် လျှင်၊ မှန် ပေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဩ​ဗ​ဒိ​သည် သွား​စဉ်​အ​ခါ၊ ဧ​လိ​ယ​သည် ဆီး၍​ကြို၏။ ဩ​ဗ​ဒိ​သည် ဧ​လိ​ယ​ကို​သိ၍ ပျပ်​ဝပ်​လျက်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​သ​ခင်​ဧ​လိ​ယ မှန်​ပါ​သ​လော​ဟု မေး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 18:7
16 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် စာရာ​က “​အိုမင်း​ပြီးမှ ငါ​၌ သာယာပျော်ရွှင်မှု​ရှိ​လိမ့်​မည်လော​။ ငါ့​သခင်​သည်​လည်း အသက်ကြီး​ပြီ​”​ဟု မိမိ​စိတ်​ထဲ၌ ရယ်​လျက်​ဆို​လေ​၏​။


သူ​သည် မျှော်ကြည့်​လိုက်​ရာ လူ​သုံး​ယောက်​သည် သူ​နှင့်​မလှမ်းမကမ်း​တွင်​ရပ်​နေ​ကြ​သည်​ကို မြင်​လေ​၏​။ အာဗြဟံ​သည် သူ​တို့​ကို​မြင်​သောအခါ ကြိုဆို​ရန် တဲ​အဝင်ဝ​မှ​ပြေးထွက်​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်


ယုဒ​က “​အကျွန်ုပ်​တို့​သည် သခင့်​အား မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ မည်သို့​ဆို​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​ဖြောင့်မတ်​ကြောင်း မည်သို့​သက်သေပြ​နိုင်​ပါ​မည်နည်း​။ ဘုရားသခင်​သည် သခင့်​အစေအပါး​တို့​၏​ဒုစရိုက်​ကို​တွေ့မြင်​တော်မူ​ပြီ​။ လက်ဝယ်​၌​ခွက်​ရှိ​သော​သူ​မှစ၍ အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​လေ​၏​။


အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​အကျွန်ုပ်​တို့​၌ အသက်ကြီး​ပြီ​ဖြစ်​သော​ဖခင်​နှင့် ဖခင်​အသက်ကြီး​မှ​ရ​သော​သား​အငယ်ဆုံး​တစ်​ယောက်​ရှိ​ပါ​၏​။ သူ​၏​အစ်ကို​ကား သေဆုံး​သွား​ပါ​ပြီ​။ သူ့​မိခင်​ဖွား​သော​သား​တွင် သူ​တစ်ယောက်တည်း​ကျန်​ပါ​၏​။ သူ့​ဖခင်​သည် သူ့​ကို​ချစ်​ပါ​၏​’​ဟု ဖြေကြား​ခဲ့​ပါ​၏​။


ထို့ကြောင့် သခင့်​အစေအပါး​သည် သူငယ်​အစား သခင့်​ထံ၌ ကျွန်​အဖြစ်​နေရစ်​ခဲ့​ပါရစေ​။ သူငယ်​ကို သူ​၏​အစ်ကို​တို့​နှင့်အတူ ပြန်သွား​ခွင့်​ပြု​ပါ​။


ထို့နောက် ယောသပ်​၏​ညီအစ်ကို​တို့​သည်​လည်း ရောက်လာ​၍ သူ့​ရှေ့​၌​ပျပ်ဝပ်​လျက် “​အကျွန်ုပ်​တို့​သည် သခင့်​ကျွန်​များ​ဖြစ်​ကြ​ပါ​၏​”​ဟု လျှောက်​ကြ​၏​။


သူ​တို့​သည် ရှင်ဘုရင်​နှင့် နန်းတွင်းသူ​နန်းတွင်းသား​တို့​ကို တစ်ဖက်ကမ်း​သို့ ပို့ပေး​ရန်​နှင့် ရှင်ဘုရင်​အလိုရှိ​သည်​ကို လုပ်ဆောင်​ပေး​ရန် ကူးတို့ဆိပ်​မှ ကူးလာ​ကြ​၏​။ ဂျော်ဒန်​မြစ်​ကို ရှင်ဘုရင်​ဖြတ်ကူး​သောအခါ ဂေရ​၏​သား ရှိမိ​သည် ရှင်ဘုရင်​ရှေ့​၌ ပျပ်ဝပ်​လျက်


တစ်နေ့တွင် ယေရောဗောင်​သည် ဂျေရုဆလင်​မြို့ပြင်​သို့​ထွက်လာ​ရာ လမ်း​တွင် ဝတ်ရုံ​အသစ်​ဝတ်ဆင်​ထား​သော ရှိလော​မြို့သား​၊ ပရောဖက်​အဟိယ​နှင့်​ဆုံ​၏​။ မြို့ပြင်​တွင် သူ​တို့​နှစ်​ဦး​သာ​ရှိ​နေစဉ်


တစ်ပြည်လုံး​အနှံ့​သွား​ကြည့်​ရန် ကိုယ်​သွား​ရ​မည့်​နေရာ​ကို​ခွဲဝေ​ပြီး အာဟပ်​မင်းကြီး​နှင့်​ဩဗဒိ​တို့ တစ်ယောက်တစ်လမ်းစီ ထွက်သွား​ကြ​၏​။


ဧလိယ​က​လည်း “​ငါ​ပင်​ဖြစ်​၏​။ သင့်​သခင်​ထံ​သွား​၍ ‘​ဤ​အရပ်​၌ ဧလိယ​ရှိ​၏​’​ဟူ၍ လျှောက်တင်​လော့​”​ဟု သူ့​အား ဆို​၏​။


သင့်​ကို​နှိပ်စက်​ခဲ့​သော​သူ​၏​သား​တို့​သည် သင့်​ထံသို့​လာ​၍ ဦးညွှတ်​ကြ​လိမ့်မည်​။ သင့်​ကို​မထီလေးစား​ပြု​သော​သူ​အပေါင်း​တို့​သည် သင်​၏​ခြေရင်း​၌​ပျပ်ဝပ်​ကြ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို​ထာဝရဘုရား​၏​မြို့​၊ အစ္စရေး​လူမျိုး​တို့​၏​သန့်ရှင်း​သော​အရှင်​၏​ဇိအုန်​မြို့​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


အာရုန်​က မောရှေ​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့​သည် မိုက်မဲ​၍​ပြစ်မှား​မိ​ပါ​ပြီ​။ အကျွန်ုပ်​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။


သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​တို့​သည် ဘုရင့်​နန်းတော်​များ​၌​ရှိ​ကြ​၏။


ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။


ထို​သူငယ်​ထွက်သွား​သောအခါ ဒါဝိဒ်​သည် တောင်ဘက်​ပုန်းအောင်း​ရာ​မှ ထွက်လာ​ပြီး မြေ​ပေါ်မှာ ပျပ်ဝပ်​လျက် သုံး​ကြိမ်​ဦးချ​လေ​၏​။ ပြီးလျှင် တစ်ဦး​ကို​တစ်ဦး ဖက်နမ်း​လျက် ငိုကြွေး​ကြ​၏​။ ဒါဝိဒ်​သည် ယောနသန်​ထက် ပို၍​ငိုကြွေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ