ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
ဒံယေလ 4:18 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။ Common Language Bible နေဗုခဒ်နေဇာမင်းက``ဤကားငါမြင်မက် သည့်အိပ်မက်ဖြစ်၏။ အချင်းဗေလတရှာဇာ၊ ယခုငါ့အားထိုအိပ်မက်၏အနက်ကိုဖော် ပြပါလော့။ ယင်းကိုငါ၏အတိုင်ပင်ခံ အရာရှိတစ်ယောက်မျှမဖော်ပြနိုင်ပါ။ သို့ရာတွင်သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့ ၏ဝိညာဉ်သည်သင့်၏အထဲ၌ကိန်းအောင်း သည်ဖြစ်၍သင်သည်ထိုအိပ်မက်၏အနက် ကိုဖော်ပြနိုင်ပါ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သို့ သော အိပ် မက် ကို ငါ နေ ဗု ခဒ် နေ ဇာ မင်း မြင် ရ ပြီ။ ငါ့ နိုင် ငံ တွင် ပ ညာ ရှိ အ ပေါင်း တို့ သည် အ နက် ကို ဖတ် ပြ ရန် မ တတ် စွမ်း နိုင် ကြ သော် လည်း ဆ ရာ၌ သန့် ရှင်း သော ဘု ရား များ၏ ဝိ ညာဉ် တော် ရှိ သော ကြောင့် တတ် စွမ်း နိုင် သည့် အ တိုင်း ဖတ် ပြ လော့၊ အ ချင်း ဗေ လ တ ရှာ ဇာ ဟု ဒံ ယေ လ အား မိန့် ဆို လေ၏။ Judson Bible ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက်ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကို ဖော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိအပေါင်းတို့သည် အနက်ကို ငါ့အား မဖော်မပြနိုင်သော်လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်နှင့်ပြည့်စုံ၍ ဖော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအားပြန်ပြော၏။ |
ထိုအခါ ယောသပ်က သူ့အား “အိပ်မက်၏အနက်ကား ဤသို့ဖြစ်၏။ အခက်သုံးခက်သည် သုံးရက်ဖြစ်၏။
ဖာရောမင်းကြီးက ယောသပ်အား “ငါသည် အိပ်မက်တစ်ခုမြင်မက်၏။ ထိုအိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။ သို့ရာတွင် သင်သည် အိပ်မက်ကိုကြားသောအခါ အိပ်မက်၏အနက်ကိုဖွင့်ပြနိုင်သည်ဟု သင့်အကြောင်းငါကြား၏”ဟု မိန့်ဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။
ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။
အရပ်ရပ်ရှိလူသားများ၊ တောတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များကို အရှင်မင်းကြီးလက်သို့ အပ်တော်မူသဖြင့် အရှင်မင်းကြီးသည် အလုံးစုံကို အုပ်စိုးရပါ၏။ ရုပ်တု၏ရွှေဦးခေါင်းသည် အရှင်မင်းကြီးပင် ဖြစ်ပါ၏။
သူတို့ကလည်း “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့အား အိပ်မက်ကို အမိန့်ရှိတော်မူပါ။ ကျွန်တော်မျိုးတို့က အနက်အဓိပ္ပာယ်ကို ဖော်ပြပါမည်”ဟူ၍ တစ်ဖန် လျှောက်ကြ၏။
ငါသည် ပညာရှိများ၊ ဗေဒင်ဆရာများကို အခစားဝင်စေ၍ ထိုစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ဖော်ပြစေသော်လည်း မည်သူမျှ ထိုစာ၏အနက်အဓိပ္ပာယ်ကို မဖွင့်ပြပေးနိုင်ကြ။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။