ဒံယေလ 5:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။ အခန်းကိုကြည့်ပါ။Common Language Bible8 ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible8 ပ ညာ ရှိ မင်း ဆ ရာ အ ပေါင်း တို့ ဝင် ရောက် ကြ သော် လည်း ထို စာ ကို ဖတ် ရန် မ စွမ်း၊ အ နက် ကို လည်း မ ဖော် ပြ နိုင် သည် ဖြစ် ၍၊ အခန်းကိုကြည့်ပါ။Judson Bible8 ပညာရှိ ဆရာတော်အပေါင်းတို့သည် လာရောက်ကြသော်လည်း၊ ထိုစာကို မဖတ်နိုင်ကြ။ အနက်အဓိပ္ပာယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သောကြောင့်၊ အခန်းကိုကြည့်ပါ။ |
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။