ဟေရှာယ 19:3 - မြန်မာ့စံမီသမ္မာကျမ်း3 အီဂျစ်ပြည်သားတို့သည် စိတ်ပျက်ကြလိမ့်မည်။ သူတို့၏အကြံအစည်ကိုလည်း ငါဖျက်ဆီးမည်။ ထိုအခါ သူတို့သည် ရုပ်တု၊ နတ်၊ နတ်ဝင်သည်၊ နတ်ထိန်းတို့ထံ မေးမြန်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible3 ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 အိ ဂျစ် ပြည် သူ ပြည် သား တို့၏ အ ကြံ အ စည် ပ ညာ ကို၊ ငါ ကွယ် စေ၍၊ သူ တို့ ဉာဏ် ကုန် သ ဖြင့်၊ ရုပ် ပွား ဆင်း တု များ မှ စ၍၊ ရွတ် တတ် သူ၊ က ဝေ၊ မှော် ဆ ရာ များ ထံ မေး မြန်း ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible3 အဲဂုတ္တုပြည်၏စိတ်သည် သူ၏အထဲမှာပျက်လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌လည်းကောင်း၊ ပြုစားသော သူတို့၌လည်းကောင်း၊ နတ်ဝင်နှင့် စုန်းတို့၌လည်းကောင်း ဆည်းကပ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။