ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။
ဒံယေလ 4:12 - မြန်မာ့စံမီသမ္မာကျမ်း အရွက်များ ဝေဆာလှပပြီး အသီးလည်း လှိုင်လှိုင်သီးသောကြောင့် ထိုအပင်ကို မှီခိုသောသတ္တဝါအားလုံး စားစရာရရှိကြ၏။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်၌ အရိပ်ခိုကြပြီး မိုးကောင်းကင်ငှက်တို့သည်လည်း ထိုအပင်၏အကိုင်းအခက်များတွင် အသိုက်ကိုလုပ်ကြ၏။ သက်ရှိသတ္တဝါအားလုံးတို့သည် ထိုအပင်ကို မှီခိုစားသုံးကြ၏။ Common Language Bible ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။ Garrad Bible အ ရွက် လည်း လှ ပ စည် ပင် လျက် အ သီး လည်း ပေါ များ သ ဖြင့် သ တ္တ ဝါ အ ပေါင်း တို့ စား သုံး ရန် ဖြစ်၏။ မြေ သ တ္တ ဝါ သည် အ ရိပ်၌ လည်း ကောင်း၊ လေ သ တ္တ ဝါ သည် အ ကိုင်း အ ခက်၌ လည်း ကောင်း မှီ ခို ရ သည့် ပြင် ရှိ သ မျှ တို့ သည် စား သောက် ရ ကြ၏။ Judson Bible အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက်တို့သည် နားနေကြ၏။ |
ပြည်သူပြည်သားတို့ကို ဦးဆောင်သောသူများ၏အသိတရားကို နုတ်ယူတော်မူပြီး လမ်းမရှိသောလွင်တီးခေါင်တွင် တလည်လည်ဖြစ်စေတော်မူ၏။
သစ်ပင်၌ပင် မျှော်လင့်ချက်ရှိ၏။ ခုတ်လှဲခံရသော်လည်း သေမသွားဘဲ အတက်ပြန်ပေါက်၍ အညွန့်များထွက်လာတတ်၏။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
လူမျိုးတကာတို့တွင် သူ့အရိပ်ကိုခိုနေသော သူ့လက်ရုံးတို့သည်လည်း ဓားဖြင့်အသတ်ခံရသူများရှိရာ မရဏာနိုင်ငံသို့ သူနှင့်အတူ ကျသွားလိမ့်မည်။
ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။
၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
သို့သော် ထိုနေ့ရက်၊ သို့မဟုတ် ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်ရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။
စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏”ဟု မိန့်တော်မူ၏။
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိဥယျာဉ်ထဲ၌ကြဲသောအခါ ထိုအစေ့သည် အပင်ပေါက်ကြီးထွား၍ အပင်ကြီးဖြစ်လာကာ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းများတွင် အသိုက်ဖွဲ့၍နေကြ၏”ဟု မိန့်တော်မူ၏။