တစ်ဖန် နောဧက “ရှေမ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ခါနာန်သည် ရှေမ၏ကျွန်ဖြစ်ပါစေ။
ဒံယေလ 3:28 - မြန်မာ့စံမီသမ္မာကျမ်း နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။ Common Language Bible မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။ Garrad Bible နေ ဗု ခဒ် နေ ဇာ မင်း က လည်း ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ သည် ကိုယ့် ဘု ရား မှ တစ် ပါး၊ အ ခြား သော ဘု ရား ကို ဝတ် မ ပြု၊ ရှိ မ ခိုး ဘဲ ဘု ရင့် အ မိန့် တော် ကို ဖီ ဆန် ကာ ကိုယ် ခ န္ဓာ ကို ပင် အပ် နှင်း လျက် အား ကိုး သော ထို ကျွန် တော် များ ကို၊ စေ လွှတ် လိုက် သော တ မန် တော် အား ဖြင့် ကယ် ဆယ် တော် မူ သော ဘု ရား သ ခင် သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ Judson Bible နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတစ်ပါး၊ အခြားသော ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်းတို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။ |
တစ်ဖန် နောဧက “ရှေမ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ခါနာန်သည် ရှေမ၏ကျွန်ဖြစ်ပါစေ။
သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
သင်တို့တွင် မည်သူသည် ဘုရားသခင်၏လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူပါစေသော။ သူသည် ယုဒပြည် ဂျေရုဆလင်မြို့သို့တက်သွား၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ပါစေ။ ဘုရားသခင်သည် ဂျေရုဆလင်မြို့တွင်စံပယ်တော်မူ၏။
တစ်စုံတစ်ယောက်သည် ဤအမိန့်ကိုဆန့်ကျင်လျှင် သူ့အိမ်မှတိုင်ကို ဆွဲနုတ်ပြီး ထိုတိုင်ပေါ်တွင် သူ့ကိုဆွဲထားစေ။ သူ့အိမ်သည်လည်း မစင်ပုံဖြစ်စေ။
ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
အကြောင်းမူကား ငါတို့သည် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ယုံကြည်ကိုးစားကြသောကြောင့် ငါတို့၏စိတ်နှလုံးသည် ကိုယ်တော်၌ဝမ်းမြောက်ခြင်းရှိ၏။
ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ထို့ပြင် ရှင်ဘုရင်က ဒံယေလအား “စင်စစ် သင်၏ဘုရားသခင်သည် ဘုရားတကာတို့၏ဘုရား၊ ဘုရင်တကာတို့၏အရှင်သခင်၊ နက်နဲသောအရာကို ဖွင့်ပြနိုင်သောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် သင်သည်လည်း ဤနက်နဲသောအရာကို ဖွင့်ပြနိုင်ခြင်း ဖြစ်၏”ဟု မိန့်ဆို၏။
ရှင်ဘုရင်ကလည်း “ကြည့်ကြလော့။ လူလေးဦးတို့သည် ထိခိုက်မှုမရှိ။ အတုပ်အနှောင်ကင်းလျက် မီးထဲ၌သွားလာနေကြသည်ကို ငါမြင်ရ၏။ လေးယောက်မြောက်သောသူသည် ဘုရားသားတော်နှင့်အဆင်းသဏ္ဌာန် တူ၏”ဟု မိန့်ဆို၏။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
သို့သော် ညအခါတွင် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကိုခေါ်ထုတ်ပြီးလျှင်
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ငါသည် မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို စွန့်ကြဲသည်သာမက ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေရန် အပ်နှံသော်လည်း မေတ္တာမရှိလျှင် ငါ၌မည်သည့်အကျိုးမျှမရှိ။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံရကြ၍ ဆင်းရဲနွမ်းပါးလျက်၊ နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက်၊ သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။