ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
ဒံယေလ 2:48 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှင်ဘုရင်သည် ဒံယေလအား ရာထူးတိုးမြှင့်ပေး၍ လက်ဆောင်များစွာကို ပေး၏။ သူ့အား ဘေဘီလုံပညာရှိတို့အထက်၌ ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ ဘေဘီလုံနယ်မြေတစ်ဝန်းလုံးကို အုပ်စိုးစေ၏။ Common Language Bible ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။- Garrad Bible ထို့ နောက် ဘု ရင် မင်း သည် ဒံ ယေ လ ကို ချီး မြှင့်၍ အ ဖိုး တန် ဆု တော် များ စွာ ပေး လျက် ဗာ ဗု လုန် ပြည် နယ် ကို အုပ် ချုပ် ရ သော မင်း ရာ ထူး၌ လည်း ကောင်း ဗာ ဗု လုန် ပ ညာ ရှိ တို့ အ ပေါင်း တွင် သု ခ မိန် ဝန် ရာ ထူး ၌ လည်း ကောင်း ခန့် ထား လေ၏။ Judson Bible ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလာဘ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ |
ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိပြီဖြစ်၍ အိုမင်းလှပြီ။ သူသည် အလွန်ချမ်းသာသောသူဖြစ်၍ မဟာနိမ်အရပ်တွင် ရှင်ဘုရင်စံမြန်းနေစဉ်အတွင်း ကျွေးမွေးပြုစုခဲ့၏။
ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။
သို့သော် သင်တို့သည် ငါ့အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြနိုင်လျှင် သင်တို့အား လက်ဆောင်များနှင့်တကွ ဆုလာဘ်ကိုလည်း ငါပေးမည်။ ခမ်းနားစွာဂုဏ်ပြုမည်။ ထို့ကြောင့် အိပ်မက်နှင့် အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြကြလော့”ဟု မိန့်ဆို၏။
တစ်နေ့တွင် နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်ခြောက်တောင်ရှိသော ရွှေရုပ်တုတစ်ခုကို ထုလုပ်ပြီး ဘေဘီလုံနယ်မြေရှိ ဒုရလွင်ပြင်၌ ထားရှိ၍
ဘေဘီလုံနယ်မြေတွင် အုပ်ချုပ်ရေးမှူးအဖြစ် မင်းကြီးခန့်ထားသော ဂျူးလူမျိုး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် မင်းကြီးထုတ်ပြန်သောအမိန့်ကို အလေးမထားကြပါ။ မင်းကြီး၏ဘုရားများကို မကိုးကွယ်သည်သာမက ယခုတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးကြပါ”ဟု တိုင်ကြားလေ၏။
ထို့နောက် ရှင်ဘုရင်သည် ဘေဘီလုံနယ်မြေတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချီးမြှင့်မြှောက်စားလေ၏။
ထို့ကြောင့် အိပ်မက်၏အနက်အဓိပ္ပာယ်ကို ငါ့အား ဖော်ပြရန် ဘေဘီလုံပညာရှိအပေါင်းတို့ကို ငါ့ရှေ့မှောက်သို့ သွင်းစေဟု အမိန့်ထုတ်ပြန်လိုက်၏။
“အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ထိုအခါ ဗေလရှာဇာမင်းကြီးအမိန့်ပေးသဖြင့် ဒံယေလအား ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပေး၍ လည်တွင် ရွှေစလွယ်ဆင်ပေးပြီး တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ရှိသူဖြစ်ကြောင်း ကြေညာကြလေ၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
ငါဒံယေလသည် ရက်အနည်းငယ်မျှ နာမကျန်းဖြစ်ခဲ့ရ၏။ နေကောင်းပြန်လျှင် ရှင်ဘုရင်၏အမှုတော်ကို ဆက်လက်ထမ်းရွက်၏။ သို့သော် ဤဗျာဒိတ်အာရုံကြောင့် ငါသည် တုန်လှုပ်ချောက်ချားပြီး နားမလည်နိုင်ဘဲရှိနေ၏။
ယခု သင့်နေရပ်သို့ ပြန်ပြေးလော့။ သင့်ကို ဂုဏ်ပြုချီးမြှောက်မည်ဟု ဆိုခဲ့သော်လည်း ထိုဘုန်းအသရေကို သင်မရရှိစေရန် ထာဝရဘုရား တားဆီးလေပြီ”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။