ဒံယေလ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဘေဘီလုံနယ်မြေတွင် အုပ်ချုပ်ရေးမှူးအဖြစ် မင်းကြီးခန့်ထားသော ဂျူးလူမျိုး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် မင်းကြီးထုတ်ပြန်သောအမိန့်ကို အလေးမထားကြပါ။ မင်းကြီး၏ဘုရားများကို မကိုးကွယ်သည်သာမက ယခုတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးကြပါ”ဟု တိုင်ကြားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ဗာ ဗု လုန် ပြည် နယ် တွင် အ ရေး ပိုင် ရာ ထူး ၌ ခန့် ထား တော် မူ သော ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ ဘွဲ့ ခံ သူ ယု ဒ လူ မျိုး တို့ သည် အာ ဏာ တော် ကို ဖီ ဆန် လျက် အ ရှင်၏ ဘု ရား တို့ ကို မ ကိုး ကွယ်၊ ဘု ရင် မင်း မြတ် တည် ထား တော် မူ သော ရွှေ ရုပ် တု ကို လည်း ရှိ မ ခိုး ကြ ပါ ဟု တင် လျှောက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ်တင်၍ လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။