ကောင်းသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ ကောင်းသောစပါးနှံခုနစ်နှံသည်လည်း ခုနစ်နှစ်ဖြစ်၏။ အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။
ဒံယေလ 2:45 - မြန်မာ့စံမီသမ္မာကျမ်း လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် တောင်ပေါ်မှလိမ့်ကျလာပြီး သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေ၊ ရွှေတို့ကို တစ်စစီကျိုးပဲ့စေသည်ကို အရှင်မင်းကြီး မြင်ခဲ့သည်မှာ ကြီးမြတ်တော်မူသောဘုရားသခင်သည် နောင်ကာလ၌ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား ဖော်ပြပေးခြင်းဖြစ်၏။ အိပ်မက်သည် မှန်ကန်ပါ၏။ အနက်အဓိပ္ပာယ်မှာလည်း ယုံကြည်ရပါ၏”ဟု လျှောက်ဆိုလေ၏။ Common Language Bible တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။ Judson Bible သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတ္တံ့သောအရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။ |
ကောင်းသောနွားမခုနစ်ကောင်သည် ခုနစ်နှစ်ဖြစ်၏။ ကောင်းသောစပါးနှံခုနစ်နှံသည်လည်း ခုနစ်နှစ်ဖြစ်၏။ အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။
အရှင်ဖာရောမင်းကြီးအား အကျွန်ုပ်လျှောက်ထားခဲ့သည့်စကားအတိုင်း ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။
အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
သို့ဖြစ်၍ အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ကြားသိဖူးသမျှတို့တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိ။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိပါ။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။
ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏နှစ်ကာလတို့ကို ငါတို့မသိနိုင်၊ စူးစမ်း၍လည်း မရနိုင်။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူကြောင်း၊ ငါတို့၏အရှင်သည် ဘုရားတကာတို့ထက် မြင့်မြတ်တော်မူကြောင်းကို ငါသိ၏။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို စူးစမ်း၍မကုန်နိုင်။
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည်
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ကိုယ်တော်သည် ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ဒံယေလသည် ဘေဘီလုံပညာရှိတို့ကိုကွပ်မျက်ရန် ရှင်ဘုရင်ခန့်ထားသောအာရုတ်ထံသို့ သွား၍ “ဘေဘီလုံပညာရှိတို့ကို မကွပ်မျက်ပါနှင့်။ အကျွန်ုပ်ကို ရှင်ဘုရင်ထံခေါ်သွားပါ။ ရှင်ဘုရင်၏အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြပေးပါမည်”ဟု ဆိုလေ၏။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
အို အရှင်မင်းကြီး၊ မင်းကြီးသည် သလွန်တော်ပေါ်တွင်လဲလျောင်းလျက် နောင်ကာလတွင် မည်သို့ဖြစ်ပျက်မည်ကို တွေးတောမိသောအခါ နက်နဲရာကိုဖွင့်ပြပေးနိုင်သောအရှင်က နောင်ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား သိစေတော်မူပြီ။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယေရှုကလည်း“ငါသည်လည်း သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ သင်တို့ ငါ့ကိုဖြေကြားလျှင် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါပြောမည်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
ထို့နောက် နေထဲ၌ ရပ်နေသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်၌ ပျံသန်းသောငှက်အပေါင်းတို့အား “ဘုရားသခင်၏ညစာစားပွဲကြီးသို့ လာ၍စုဝေးကြလော့။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။