Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 19:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် နေ​ထဲ၌ ရပ်​နေ​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​သည် ကောင်းကင်​အလယ်​၌ ပျံသန်း​သော​ငှက်​အပေါင်း​တို့​အား “ဘုရားသခင်​၏​ညစာ​စားပွဲ​ကြီး​သို့ လာ​၍​စုဝေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​နောက်​နေ​ကို​ကြည့်​လိုက်​သော​အ​ခါ၊ နေ​ထဲ တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကောင်း​ကင်​အ​လယ်​တွင် ပျံ​သန်း​နေ​သော​ငှက်​အ​ပေါင်း​တို့​အား``လာ​ကြ၊ ဘု​ရား​သ​ခင်​၏​စား​ပွဲ​တော်​ကြီး​သို့​စု​ဝေး ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 တစ် ဖန် စေ တ မန် တော် တစ် ပါး သည် နေ တွင် ရပ်၍ ကောင်း ကင် အ လယ်၌ ပျံ ဝဲ သော ငှက် အ ပေါင်း တို့ အား ဘု ရား သ ခင်၏ စား သောက် ပွဲ တော် ကြီး သို့ စု ရုံး လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နေ​ထဲ​မှာ ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့နောက် နေ​ထဲ၌ ရပ်နေသော​ကောင်းကင်တမန်​တစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ သူ​က ကောင်းကင်​အလယ်​၌ ပျံဝဲနေသော​ငှက်​အပေါင်းတို့​အား ကျယ်လောင်သော​အသံ​ဖြင့် “ဘုရားသခင်​၏ ညစာ​စားပွဲတော်​သို့ လာ​၍ စုဝေးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 19:17
10 ပူးပေါင်းရင်းမြစ်များ  

သို့သော် ငါ​သည် အရေလ​မြို့​ကို အကျပ်အတည်း​ထဲသို့​ရောက်​စေ​မည်​။ ထို​မြို့​၌ ဝမ်းနည်း​ခြင်း​၊ မြည်တမ်း​ခြင်း ရှိ​လိမ့်မည်​။ ထို​မြို့​သည် ငါ့​အဖို့ အရေလ​ကဲ့သို့ ဖြစ်​မည်​။


ကွင်းပြင်​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။ တော​ထဲ​ရှိ​တိရစ္ဆာန်​အပေါင်း​တို့​၊ ဝါးမျို​ရန်​လာ​ကြ​လော့​။


ငါ့​အမွေ​သည် အရောင်အသွေး​စုံ​သော​သိမ်းငှက်​နှင့်​တူ​၏​။ အခြား​သိမ်းငှက်​တို့​သည် ငါ့​အမွေ​ကို ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၊ စုဝေး​၍​လာ​ကြ​။ ဝါးမျို​ရန်​လာ​ကြ​။


လဲကျ​သွား​သော​အပင်​ပေါ်တွင် မိုးကောင်းကင်​ငှက်​တို့ နား​နေ​ပြီး အကိုင်းအခက်​များ​ကြားတွင် တောရိုင်းတိရစ္ဆာန်​တို့ နေ​ကြ​လိမ့်မည်​။


ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။


ကြွင်းကျန်​သော​သူ​တို့​မူကား မြင်း​စီး​သော​သူ​၏​ခံတွင်း​မှ​ထွက်​သော​သန်လျက်​ဖြင့် သတ်ဖြတ်​ခြင်း​ခံရ​ပြီး ငှက်​အပေါင်း​တို့​သည် သူ​တို့​၏​အသား​ကို ဝလင်​စွာ​စား​ရ​ကြ​၏။


ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထို့ပြင် ထို​ဖိလိတ္တိ​ပြည်သား​က ဒါဝိဒ်​အား “​ငါ့​ထံသို့ လာ​ခဲ့​။ သင့်​အသား​ကို မိုးကောင်းကင်​ငှက်​များ​၊ တောတိရစ္ဆာန်​များ​အား ကျွေး​ပစ်​မည်​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ