ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ဒံယေလ 11:8 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထိုသူတို့ သွန်းလုပ်သောဘုရားရုပ်တုများ၊ ရွှေငွေစသောအဖိုးတန်အသုံးအဆောင်များကို အီဂျစ်ပြည်သို့ သိမ်းယူသွားလိမ့်မည်။ ထို့နောက်မှ မြောက်ဘုရင်နှင့် နှစ်ပေါင်းအတန်ကြာကင်းကွာနေလိမ့်မည်။ Common Language Bible သူတို့၏ဘုရားရုပ်တုများနှင့်ယင်းတို့အား ဆက်ကပ်ထားသည့်ရွှေခွက်ငွေခွက်ရှိသမျှ တို့ကိုလည်း အီဂျစ်ပြည်သို့ယူဆောင်သွား လိမ့်မည်။ ထိုနောက်နှစ်ပေါင်းများစွာငြိမ်း ချမ်းပြီးမှ၊- Garrad Bible ၎င်း တို့၏ ဘု ရား များ၊ ရုပ် ပွား ဆင်း တု များ၊ နှစ် သက် ဖွယ် ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို အိ ဂျစ် ပြည် သို့ သိမ်း သွား လိမ့် မည်။ နှစ် ကာ လ အ တန် ကြာ မြောက် ဘု ရင် နှင့် ဆန့် ကျင် ဘက် ပြု၍၊ Judson Bible သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဖိုးထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင်ထက် အသက်ရှည်လိမ့်မည်။ |
ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ထိုနေရာ၌ ဖိလိတ္တိလူမျိုးတို့ စွန့်ထားခဲ့သော သူတို့၏ရုပ်တုများကို ဒါဝိဒ်မင်းကြီးနှင့်သူ့လူတို့သယ်သွားကြ၏။
ဤညတွင် ငါသည် အီဂျစ်ပြည်ကိုဖြတ်သွား၍ အီဂျစ်ပြည်၌ရှိသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်မည်။ ငါသည် အီဂျစ်ဘုရားရှိသမျှတို့ကိုလည်း အပြစ်ဒဏ်ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သား၊ ကျောက်များသာဖြစ်သောကြောင့် ပျက်စီးကြလေပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ထိုရက်သတ္တပတ်သုံးပတ်တိုင်တိုင် စားကောင်းသောက်ဖွယ်ကို မစား၊ အသားနှင့် စပျစ်ဝိုင်ကိုလည်း မသုံးဆောင်၊ ဆီကိုလည်း မလိမ်းဘဲ နေ၏။
ထို့နောက်မှ မြောက်ဘုရင်သည် တောင်ဘုရင်၏နိုင်ငံသို့ စစ်ချီလာသော်လည်း မိမိပြည်သို့ ပြန်ဆုတ်သွားရလိမ့်မည်။
သူသည် ညီအစ်ကိုများထဲတွင် အသီးများစွာသီးတတ်သော်လည်း အရှေ့လေတည်းဟူသော ထာဝရဘုရား၏လေသည် တောကန္တာရမှတိုက်လာ၍ သူ၏စမ်းရေတွင်းနှင့်ရေထွက်ပေါက်တို့သည် ခန်းခြောက်လိမ့်မည်။ ဘဏ္ဍာတိုက်ရှိအဖိုးတန်ရတနာအားလုံး တိုက်ခိုက်လုယက်ခြင်းခံရလိမ့်မည်။
အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။
ထိုအချိန်၌ အီဂျစ်လူမျိုးတို့သည် ထာဝရဘုရားဒဏ်ခတ်တော်မူသော သူတို့၏သားဦးအပေါင်းတို့ကို သင်္ဂြိုဟ်နေကြ၏။ ထာဝရဘုရားသည် သူတို့၏ဘုရားများကို အပြစ်ဒဏ်ပေးတော်မူ၏။
သူတို့၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲပစ်ရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို မီးရှို့ပစ်ရမည်။ သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို ခုတ်လှဲ၍ ထိုဘုရားများ၏နာမကို ထိုအရပ်မှ ဖျောက်ဖျက်ပစ်ရမည်။
မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။