Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 33:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​အချိန်​၌ အီဂျစ်​လူမျိုး​တို့​သည် ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော သူ​တို့​၏​သားဦး​အပေါင်း​တို့​ကို သင်္ဂြိုဟ်​နေ​ကြ​၏​။ ထာဝရဘုရား​သည် သူ​တို့​၏​ဘုရား​များ​ကို အပြစ်ဒဏ်​ပေး​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​စဉ်​အ​ခါ​က​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​ခြင်း​ခံ​ရ​သော သား​ဦး​များ​ကို​မြှုပ်​နှံ​လျက်​နေ​ကြ​၏။ ထို သို့​ဒဏ်​ခတ်​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏​ဘု​ရား​များ ထက်​တန်​ခိုး​ကြီး​ကြောင်း​ပြ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော သား​ဦး​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သင်္ဂြိုဟ်​ရ​ကြ၏။ သူ​တို့၏​ဘု​ရား​များ​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 33:4
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သူ​တို့​၏ ယောက်ျား​အားမာန်​အားလုံး​၏​အသီးဦး​ဖြစ်​သော သူ​တို့​ပြည်​မှ​သားဦး​ရှိသမျှ​တို့​ကို ဆုံးပါး​စေ​တော်မူ​၏​။


ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ဖိနှိပ်ညှဉ်းဆဲ​သော​အမှုအရာ​ကြောင့် ထာဝရဘုရား​သည် ဘုရား​ရှိသမျှ​တို့​ထက် ကြီးမြတ်​တော်မူ​ကြောင်း​ကို ယခု​ငါ​သိ​ပြီ​”​ဟု ဆို​၏​။


အီဂျစ်​ပြည်​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် လျင်မြန်​သော​တိမ်တိုက်​ကို​စီး​၍ အီဂျစ်​ပြည်​သို့ ကြွလာ​တော်မူ​၏​။ အီဂျစ်​ပြည်​၏​ရုပ်တု​တို့​သည် ကိုယ်တော်​၏​ရှေ့​၌ လှုပ်ခါ​ကြ​၍ အီဂျစ်​ပြည်သား​တို့​သည် စိတ်ပျက်အားလျော့​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


အကြောင်းမူကား သားဦး​ရှိသမျှ​တို့​ကို ငါ​ပိုင်​၏​။ အီဂျစ်​ပြည်​၌ သားဦး​အပေါင်း​တို့​ကို ငါ​ဒဏ်ခတ်​သော​နေ့​တွင် ငါ​သည် အစ္စရေး​လူမျိုး​တို့​ထဲမှ လူ​မှစ၍ တိရစ္ဆာန်​၏​သားဦး​ရှိသမျှ​တို့​ကို ငါ့​အဖို့ သန့်ရှင်း​စေ​ခဲ့​သောကြောင့် သူ​တို့​သည် ငါ့​အပိုင်​ဖြစ်​၏​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ