သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
ဒံယေလ 11:43 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၏ရွှေငွေဘဏ္ဍာတိုက်နှင့် အဖိုးတန်ရတနာအားလုံးကို လက်ဝါးကြီးအုပ်လိမ့်မည်။ လစ်ဗျားပြည်သား၊ အီသီယိုးပီးယားပြည်သားတို့သည်လည်း သူ့နောက်ကို လိုက်ကြလိမ့်မည်။ Common Language Bible သူသည်အီဂျစ်ပြည်တွင်လျှို့ဝှက်ထား သည့်ရွှေငွေဘဏ္ဍာများနှင့် အခြားအဖိုး ထိုက်သည့်ပစ္စည်းဥစ္စာများကိုသိမ်းယူသွား လိမ့်မည်။ လစ်ဗျားနှင့်ဆူဒန်နိုင်ငံတို့ကို လည်းနှိမ်နင်းအောင်မြင်လိမ့်မည်။- Garrad Bible အိ ဂျစ် ပြည် ရှိ ရွှေ ဘ ဏ္ဍာ၊ ငွေ ဘ ဏ္ဍာ၊ ထိုက် တန် သော ပ စ္စည်း ရှိ သ မျှ ကို အ ပိုင် ရ လျက် လိ ဗု ပြည် သား နှင့် ကု ရှ ပြည် သား တို့ သည် ခြေ ရာ၌ လိုက် ကြ လိမ့် မည်။ Judson Bible ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဖိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည်သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ |
သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
အရှင်၏အမှုထမ်းအပေါင်းတို့သည် အကျွန်ုပ်ထံသို့လာ၍ အကျွန်ုပ်ရှေ့၌ ပျပ်ဝပ်လျက် ‘သင်နှင့် သင်၏နောက်လိုက်နောက်ပါအပေါင်းတို့ ထွက်သွားကြပါလော့’ဟု ပြောဆိုမှ အကျွန်ုပ်ထွက်သွားမည်”ဟု ဆိုပြီးနောက် အမျက်ပြင်းစွာထွက်လျက် ဖာရောမင်းကြီးထံမှ ထွက်သွားလေ၏။
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။
သူသည် လက်ရုံးကိုဆန့်၍ တိုင်းနိုင်ငံများကို တိုက်ခိုက်လိမ့်မည်။ အီဂျစ်ပြည်လည်း လွတ်လိမ့်မည်မဟုတ်။
အရှေ့ဘက်၊ မြောက်ဘက်တို့မှလာသောသတင်းစကားများကြောင့် သူသည် အထိတ်တလန့်ဖြစ်ရလိမ့်မည်။ ဒေါသတကြီးဖြင့်ချီတက်သွား၍ လူအများကို သုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။
အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။
ဗာရက်သည် နဿလိအမျိုးနှင့် ဇာဗုလုန်အမျိုး လူတစ်သောင်းကို ခေါ်၍ ကေဒေရှအရပ်သို့ ချီတက်သွား၏။ ဒေဗောရလည်း သူတို့နှင့်အတူ လိုက်သွား၏။