အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
ဒံယေလ 11:4 - မြန်မာ့စံမီသမ္မာကျမ်း သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။ Common Language Bible သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။ Garrad Bible ထို မင်း ပေါ် လျှင် ပေါ် ချင်း နိုင် ငံ ကျိုး ပဲ့၍ အုပ် ချုပ် သော တိုင်း နိုင် ငံ နှင့် မ တူ၊ သူ့ အ မျိုး အ နွယ် တို့ အား လည်း မ ဟုတ်၊ အ ရပ် လေး မျက် နှာ တိုင် အောင် ကွဲ လွင့် ရာ၊ ထို နိုင် ငံ ကို နုတ် ပစ် လျက် သူ တစ် ထူး တို့ အား ပေး ဝေ ကြ လိမ့် မည်။ Judson Bible ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။ |
အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
တစ်ကိုယ်တည်းဖြစ်လျက် အပေါင်းအဖော်မရှိ၊ သားလည်းမရှိ၊ ညီအစ်ကိုလည်းမရှိသောသူတစ်ဦးရှိ၏။ သို့သော် သူ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ အဆုံးမရှိ။ သူ၏မျက်စိသည်လည်း ဓနဥစ္စာ၌ကျေနပ်တင်းတိမ်သည်ဟူ၍မရှိ။ “ငါသည် မည်သူ့အတွက် ကြိုးပမ်းအားထုတ်လျက် ငါ၌ကောင်းကျိုးချမ်းသာချို့တဲ့စေရသနည်း”ဟူ၍လည်းမမေး။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသောအလုပ်ဖြစ်၏။
ငါသည် သူတို့ကို ထုတ်ပစ်ပြီးမှ ပြန်၍သနားစုံမက်ဦးမည်။ သူတို့ကို သူတို့ပိုင်သောအမွေမြေအသီးသီး၊ သူတို့ပြည်အသီးသီးသို့ ပြန်ခေါ်လာမည်”ဟု မိန့်တော်မူ၏။
သူတို့နားမထောင်လျှင် ထိုလူမျိုးကို ငါရှင်းရှင်းထုတ်ပစ်ဖျက်ဆီးလိုက်မည်”ဟု မိန့်တော်မူ၏။
ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း နုတ်ပယ်ဖြိုချမည်၊ ဖျက်ဆီးမည်ဟု ငါသတိပေးခဲ့ပြီ။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
ကောင်းကင်အရပ်လေးမျက်နှာမှ လေလေးမျိုးကို ဧလံပြည်သို့ဆောင်ခဲ့၍ ဧလံပြည်သားတို့ကို ထိုလေတို့နှင့်အတူ ကွဲလွင့်ပါသွားစေမည်။ နှင်ထုတ်ခံရသောဧလံပြည်သားများ မရောက်သည့်တိုင်းနိုင်ငံဟူ၍ ရှိမည်မဟုတ်’ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က ငါ့အား “အချင်းလူသား၊ အသက်လေအား ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို အသက်လေ၊ သေသူတို့အသက်ရှင်လာအောင် အရပ်လေးမျက်နှာမှလာ၍ သူတို့အထဲသို့ အသက်လေကို မှုတ်သွင်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဒံယေလပြောပြသည်မှာ “ညအချိန် ငါမြင်ရသောစိတ်အာရုံတွင် မိုးကောင်းကင်အရပ်လေးမျက်နှာမှလေသည် သမုဒ္ဒရာပြင်တွင် ဝေ့ဝိုက်တိုက်ခတ်နေ၏။
တစ်ဖန် ငါကြည့်နေစဉ် ကျားသစ်နှင့်တူသော အခြားသားရဲတစ်ကောင် ထွက်လာ၏။ ထိုသားရဲ၏ကျောပေါ်တွင် ငှက်အတောင်လေးခု၊ ဦးခေါင်း လေးလုံးပါ၏။ သူ့အား အာဏာစက်ကို ပေးအပ်ထား၏။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
ထိုချိုကြီးသည် ကျိုးသွား၍ ထိုနေရာတွင်ပေါက်လာသောချိုလေးချောင်းသည် ထိုနိုင်ငံမှပေါ်လာမည့်နိုင်ငံလေးနိုင်ငံ ဖြစ်၏။ သို့သော် ထိုနိုင်ငံကဲ့သို့ တန်ခိုးထွားမည်မဟုတ်။
ဤသို့ဖြင့် ထိုဆိတ်ထီးသည် အားကြီးသည်ထက်ကြီးလာ၏။ ထိုသို့ ခွန်အားကြီးလာသော်လည်း သူ့ချိုကြီးကျိုးသွား၍ ထိုချိုနေရာတွင် ကောင်းကင်အရပ်လေးမျက်နှာသို့မျက်နှာမူ၍ သိသာထင်ရှားသောချိုလေးချောင်း ပေါက်လာ၏။
ထာဝရဘုရားက “ထွက်ပြေးကြ၊ ထွက်ပြေးကြ၊ မြောက်အရပ်မှ ထွက်ပြေးကြ။ မိုးကောင်းကင် လေးမျက်နှာသို့ သင်တို့ကို ငါကွဲလွင့်စေပြီ”ဟု မိန့်တော်မူ၏။
ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
သို့သော် ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူသဖြင့်“မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွားမည်။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောမြို့၊ သို့မဟုတ် အိမ်ထောင်စုတိုင်းသည်လည်း တည်မြဲမည်မဟုတ်။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ထို့နောက် ကောင်းကင်တမန်လေးပါးသည် ကမ္ဘာမြေကြီး၏ထောင့်လေးထောင့်တွင်ရပ်လျက် မြေကြီးပေါ်သို့လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်ရှိသမျှအပေါ်သို့လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာ၏လေတို့အား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။