ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
ဒံယေလ 11:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။ Common Language Bible ဆက်လက်၍ကောင်းကင်တမန်က``ထိုနောက် နန်းတက်သည့်ဆီးရီးယားဘုရင်သည်မင်း ဖြစ်ထိုက်သူမဟုတ်၊ ဆိုးညစ်သူဖြစ်လိမ့် မည်။ သို့ရာတွင်သူသည်အမှတ်မထင်ပေါ် ထွန်းလာလျက်ပရိယာယ်အားဖြင့်အာဏာ သိမ်းလိမ့်မည်။- Garrad Bible ထို ဘု ရင့် အ ရိုက် အ ရာ၌ လည်း ယုတ် မာ သူ၊ နိုင် ငံ၏ ဘုန်း ကြက် သ ရေ ကို မ ဆက် မ ခံ အပ် သော သူ သည် ဘေး မ မျှော် သော အ ချိန်၌ ပေါ် လာ သည် နှင့် လျှို့ ဝှက် မြှောက် ပင့်၍ နိုင် ငံ ကို သိမ်း ယူ လိမ့် မည်။ Judson Bible ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ |
ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
မိုက်မဲသောသူကို မြင့်မြတ်သောသူဟု ခေါ်ဝေါ်တော့မည်မဟုတ်။ လူလိမ်လူကောက်ကို လေးစားထိုက်သူဟု ဆိုတော့မည်မဟုတ်။
သူ့နေရာတွင် နိုင်ငံ၏ဘုန်းစည်းစိမ်အတွက်အခွန်ကောက်ခံသောသူကို စေလွှတ်မည့် မင်းတစ်ပါး ပေါ်လာလိမ့်မည်။ သို့သော် မကြာမီမှာပင် ထိုမင်းသည် အမျက်ကြောင့်မဟုတ်၊ စစ်ပွဲကြောင့်လည်း မဟုတ်ဘဲ ပျက်စီးသွားရလိမ့်မည်။
သူသည် ပဋိညာဉ်ချိုးဖောက်သောသူတို့ကို မြှောက်ပင့်ပြောဆို၍ ဖျက်ဆီးလိမ့်မည်။ မိမိဘုရားသခင်ကိုသိကျွမ်းသောသူတို့မူကား သူ့အား ရဲရင့်စွာတန်ပြန်တိုက်ခိုက်လိမ့်မည်။
ထိုသို့သူတို့ပြိုလဲနေစဉ် လူနည်းစုကသာ သူတို့ကိုကူညီလိမ့်မည်။ လူများစုမှာ မရိုးဖြောင့်သောစိတ်ဖြင့် သူတို့နှင့်ပူးပေါင်းလိမ့်မည်။
ထိုမင်းသမီး၏အမျိုးအနွယ်ထဲမှ တစ်ယောက်သည် ထိုဘုရင်၏အရိုက်အရာကို ဆက်ခံရမည်။ သူသည် စစ်ချီ၍ မြောက်ဘုရင်၏စစ်သည်တို့ကို တိုက်ခိုက်မည်။ ခံတပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်၍ အောင်နိုင်လိမ့်မည်။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ထိုချိုလေးချောင်းမှတစ်ချောင်းတွင် ချိုအတက်တစ်ခုပေါက်လာ၍ တောင်ဘက်၊ အရှေ့ဘက်၊ သာယာဝပြောသောပြည်ဘက်သို့တိုင်အောင် ကြီးမားလာလေ၏။
ယခုမူ သင်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင့်အမည်သည် ဆက်လက်တည်တံ့တော့မည်မဟုတ်။ သင့်ဘုရားဝတ်ကျောင်းရှိ သွန်းလုပ်ထားသောရုပ်တုဆင်းတုများကို ငါဖျက်ဆီးပစ်မည်။ သင်သည် ဆိုးယုတ်သောကြောင့် သင့်အဖို့ သင်္ချိုင်းကို ငါစီရင်မည်”ဟု မိန့်တော်မူ၏။
သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။