Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 32:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 မိုက်မဲ​သော​သူ​ကို မြင့်မြတ်​သော​သူ​ဟု ခေါ်ဝေါ်​တော့​မည်​မ​ဟုတ်​။ လူလိမ်လူကောက်​ကို လေးစားထိုက်သူ​ဟု ဆို​တော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သူ ယုတ် ကို သူ မြတ် ဟူ၍လည်း‌ ကောင်း။ လိမ် လည် သူ ကို သူ တော် ကောင်း ဟူ၍လည်း‌ ကောင်း၊ ခေါ် ဦး မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ယုတ်​သော​သူ​ကို နောက်​တစ်​ဖန်​အ​မြတ်​ဟူ၍​လည်း​ကောင်း၊ စေး​နှဲ​သော​သူ​ကို​လည်း နောက်​တစ်​ဖန် စွန့်​ကြဲ​တတ်​သော​သူ ဟူ၍​လည်း​ကောင်း မ​ခေါ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 32:5
8 ပူးပေါင်းရင်းမြစ်များ  

ဆိုးညစ်​သော​အမှု​သည် လူသား​တို့​အလယ်​တွင် မြှောက်စား​ခြင်း​ခံရ​သောအခါ ဆိုးယုတ်​သော​သူ​တို့​သည် နေရာတကာ​သို့​လှည့်လည်​တတ်​ကြ​၏​။


ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊


လူလိမ်လူကောက်​၏​လက်နက်​ကား မကောင်းမှု​ဖြစ်​၏​။ ဆင်းရဲသား​ပြော​သော​စကား မှန်ကန်​ခဲ့​လျှင်ပင် ဆင်းရဲသား​တို့​ကို မုသား​စကား​ဖြင့် ဖျက်ဆီး​ရန် ဆိုးညစ်​သော​အမှု​ကို ကြံစည်​တတ်​၏​။


အဆိုး​ကို အကောင်း​၊ အကောင်း​ကို အဆိုး​ဟု ဆို​တတ်​သော​သူ​၊ အလင်း​ကို အမှောင်​၊ အမှောင်​ကို အလင်း ဖြစ်စေ​သော​သူ​၊ အခါး​ကို အချို​၊ အချို​ကို အခါး ဖြစ်စေ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။


အကျွန်ုပ်​၏​သခင်​၊ ဤ​ဆိုးညစ်​သော​သူ​နာဗလ​ကို စိတ်​ထဲ​မ​ထား​ပါ​နှင့်​။ သူ​သည် သူ​၏​နာမည်​နှင့်​လိုက်​ပါ​၏​။ နာဗလ​ဟူသော​နာမည်​နှင့်အညီ မိုက်မဲ​သော​သူ​ဖြစ်​ပါ​၏​။ သခင်​စေလွှတ်​လိုက်​သော သခင့်​လူ​တို့​ကို သခင့်​ကျွန်မ မ​တွေ့​လိုက်​ရ​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ