ဒံယေလ 11:21 - Common Language Bible21 ဆက်လက်၍ကောင်းကင်တမန်က``ထိုနောက် နန်းတက်သည့်ဆီးရီးယားဘုရင်သည်မင်း ဖြစ်ထိုက်သူမဟုတ်၊ ဆိုးညစ်သူဖြစ်လိမ့် မည်။ သို့ရာတွင်သူသည်အမှတ်မထင်ပေါ် ထွန်းလာလျက်ပရိယာယ်အားဖြင့်အာဏာ သိမ်းလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible21 ထို ဘု ရင့် အ ရိုက် အ ရာ၌ လည်း ယုတ် မာ သူ၊ နိုင် ငံ၏ ဘုန်း ကြက် သ ရေ ကို မ ဆက် မ ခံ အပ် သော သူ သည် ဘေး မ မျှော် သော အ ချိန်၌ ပေါ် လာ သည် နှင့် လျှို့ ဝှက် မြှောက် ပင့်၍ နိုင် ငံ ကို သိမ်း ယူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုသူအရာ၌လည်း မင်းစည်းစိမ်ကို ခံထိုက်သောသူ မဟုတ်၊ ယုတ်မာသောသူ ပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``သူ၏နောက်၌ဘုရင်တစ်ပါးပေါ်ထွန်းလာ လိမ့်မည်။ ထိုဘုရင်သည်နိုင်ငံတော်ဘဏ္ဍာကို တိုးတက်ရေးအတွက် လူတို့ထံမှအခွန်ကောက် ခံစေရန်အရာရှိတစ်ဦးကိုစေလွှတ်လိမ့်မည်။ ထိုဘုရင်သည်အလွန်တိုတောင်းသည့်အချိန် ကာလအတွင်း၌လုပ်ကြံသတ်ဖြတ်ခြင်း ကိုခံရလိမ့်မည်။ သို့ရာတွင်သူသည်လူ မြင်ကွင်း၌သော်လည်းကောင်း၊ စစ်ပွဲ၌သော် လည်းကောင်းအသတ်ခံရခြင်းမဟုတ်'' ဟုဆို၏။
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။