အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
ဒံယေလ 10:1 - မြန်မာ့စံမီသမ္မာကျမ်း ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။ Common Language Bible ပါရှဧကရာဇ်ဘုရင်ကုရုနန်းစံတတိယ နှစ်၌ ဗေလတရှာဇာဟုလည်းနာမည်တွင် သောဒံယေလသည် ဗျာဒိတ်တော်ကိုခံယူ ရရှိ၏။ ထိုဗျာဒိတ်တော်တွင်ပါရှိသည့်ဖော် ပြချက်စကားသည်မှန်ကန်သော်လည်းနား လည်ရန်အလွန်ခက်၏။ ဒံယေလသည်ထို ဖော်ပြချက်စကား၏အနက်ကိုဗျာဒိတ် ရူပါရုံအားဖြင့်သိရှိနားလည်၍လာ၏။ Garrad Bible ပေ ရ သိ ဘု ရင် ကု ရု မင်း နန်း စံ တ တိ ယ နှစ် တွင် ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ သည် ဗျာ ဒိတ် တော် ကို နာ ရ၏။ ထို ဗျာ ဒိတ် တော် သည် ကြီး စွာ သော စစ် ပွဲ နှင့် ဆိုင် ၍ မှန် ပေ ၏။ သူ လည်း ထို ဗျာ ဒိတ် တော် နှင့် ရူ ပါ ရုံ ကို သိ ကျွမ်း နား လည် ၏။ Judson Bible ပေရသိရှင်ဘုရင်ကုရု နန်းစံသုံးနှစ်တွင်၊ ဗေလတရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ်တော်ကို ခံရ၏။ ထိုဗျာဒိတ်တော်စကား မှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကိုနားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။ |
အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားဇာခရိတို့၏ ပရောဖက်ပြုအားပေးမှုကြောင့် ဂျူးသက်ကြီးဝါကြီးတို့သည် အိမ်တော်ကို အောင်မြင်စွာပြန်လည်တည်ဆောက်နိုင်ခဲ့၏။ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်အမိန့်တော်နှင့် ကုရုမင်းကြီး၊ ဒါရိမင်းကြီး၊ ပါးရှားဘုရင်အာတဇေရဇ်မင်းကြီးတို့၏အမိန့်တော်အတိုင်း အိမ်တော်ကို ပြန်လည်တည်ဆောက်ပြီးစီးလေ၏။
“ကုရုမင်းကြီးနန်းစံပထမနှစ်တွင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်နှင့်ပတ်သက်၍ ကုရုမင်းကြီးက ‘ယဇ်ကောင်များကို ပူဇော်ရာ အိမ်တော်ကို ပြန်လည်တည်ဆောက်စေ။ အုတ်မြစ်ကို ခိုင်ခံ့စွာချစေ။ အိမ်တော်သည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်အတောင်ခြောက်ဆယ် ရှိရမည်။
ကုရုမင်းကြီးနှင့်ပတ်သက်၍ ‘သူသည် ငါ၏သိုးထိန်းဖြစ်၍ ငါ့အလိုဆန္ဒရှိသမျှကို သူပြည့်စုံစေမည်’ဟု ငါမိန့်ဆို၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့ကို တည်ဆောက်ကြလိမ့်မည်’၊ ဗိမာန်တော်နှင့်ပတ်သက်၍ ‘ဗိမာန်တော်ကို အုတ်မြစ်ချကြလိမ့်မည်’ဟု ငါမိန့်ဆို၏”ဟူ၍ မိန့်တော်မူ၏။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။
အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
ထိုအခါ သူက “ဒံယေလ၊ သင်သွားလော့။ ဤစကားတို့ကို နောက်ဆုံးသောကာလအထိ လျှို့ဝှက်ထား၍ တံဆိပ်ခတ်ထား၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
နောက်ဆုံးတွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သော၊ ငါ့ဘုရား၏နာမအတိုင်း အမည်သစ်ရသောဗေလတရှာဇာ ခေါ် ဒံယေလသည် ငါ့ထံရောက်လာ၏။ ငါသည်လည်း သူ့အား
ဗေလတရှာဇာဟု ခမည်းတော်က နာမည်ပေးထားသောဒံယေလ၌ ထူးကဲသောဉာဏ်၊ အသိပညာ၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ အိပ်မက်အနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ စကားထာအနက်ကိုဖွင့်ပြနိုင်သောဉာဏ်၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်သောဉာဏ် ရှိကြောင်းသိရပါ၏။ ထို့ကြောင့် ဒံယေလကိုဆင့်ခေါ်ပါ။ သူသည် အနက်အဓိပ္ပာယ်ကိုဖော်ပြပေးပါလိမ့်မည်”ဟု ဆိုလေ၏။
ဒံယေလကလည်း “အရှင်မင်းကြီး၏လက်ဆောင်များ ရှိပါလေစေ။ ဆုလာဘ်များကိုလည်း အခြားသူများအား ပေးပါ။ ထိုစာကိုဖတ်၍ အနက်အဓိပ္ပာယ်ကို အရှင်မင်းကြီးအား ဖော်ပြပေးပါမည်။
ဤသို့ဖြင့် ဒံယေလသည် ဒါရိမင်းကြီးလက်ထက်နှင့် ပါးရှားလူမျိုးကုရုမင်းကြီးလက်ထက်တို့တွင် ကောင်းစားလျက်နေ၏။
ထို့နောက် ဥလဲမြစ်နားမှလူတစ်ဦးက “အို ဂါဗြေလ၊ ထိုဗျာဒိတ်အာရုံ၏အနက်ကို သူ့အား ဖော်ပြပေးပါ”ဟု အော်ပြောသောအသံကို ငါကြားရ၏။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
သင်သည် မိမိအချိန်ရောက်လျှင် ပြည့်စုံမည့် ငါ၏စကားကိုမယုံသောကြောင့် ဤအရာများပြည့်စုံသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက်နေလိမ့်မည်”ဟု ပြန်၍မြွက်ဆိုလေ၏။
ထို့နောက် ကောင်းကင်တမန်က “သိုးသငယ်တော်၏မင်္ဂလာညစာစားပွဲသို့ ဖိတ်ခေါ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့”ဟူ၍ ငါ့အားမြွက်ဆိုပြီးလျှင် “ဤအရာတို့သည် ဘုရားသခင်၏ဖြောင့်မှန်သောနှုတ်ကပတ်တော်များဖြစ်ကြ၏”ဟု မြွက်ဆိုလေ၏။