ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ဒံယေလ 1:9 - မြန်မာ့စံမီသမ္မာကျမ်း နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။ Common Language Bible ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။- Garrad Bible ဘု ရား သ ခင် သည် ဒံ ယေ လ အား မိန်း မ စိုး အုပ် ရှေ့ တွင် သ နား က ရု ဏာ ခံ ခွင့် ကို ပြု တော် မူ၍၊ Judson Bible ဘုရားသခင် ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊ |
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။
ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။
ဟေဂဲသည် ဧသတာကို သဘောကျနှစ်သက်သဖြင့် မျက်နှာသာပေး၏။ သူ့ကိုအလှပြင်ပေးရန်နှင့် အစားအစာကျွေးမွေးရန် ချက်ချင်းပြင်ဆင်၏။ ရှင်ဘုရင်၏နန်းတော်မှ လက်ရွေးစင် အပျိုတော်ခုနစ်ဦးကို ပေးထား၏။ ထိုအပျိုတော်များနှင့်တကွ သူ့ကို အမျိုးသမီးနန်းဆောင်တွင် အကောင်းဆုံးနေရာ၌ ထား၏။
ကိုယ်တော်သည် နွမ်းပါးသောသူတို့ကို ဓားသွားနှုတ်ခမ်းဘေးမှလည်းကောင်း၊ အားကြီးသောလက်ဘေးမှလည်းကောင်း ကယ်တင်တော်မူ၏။
ထို့ကြောင့် ဆင်းရဲသောသူ၌ မျှော်လင့်ခြင်းရှိ၍ မတရားသောသူကား နှုတ်ဆိတ်နေရ၏။
သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသောသူ အပေါင်းတို့သည် သူတို့ကိုသနားစုံမက်ကြစေရန် ပြုတော်မူ၏။
ထာဝရဘုရားသည် သန့်ရှင်းသူကို မိမိအတွက် သီးသန့်ခွဲထားတော်မူကြောင်း သိမှတ်ကြလော့။ ထာဝရဘုရားကို ငါခေါ်သောအခါ ကိုယ်တော်သည် နားညောင်းတော်မူ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
နန်းတော်အုပ်ကလည်း ဒံယေလအား “သင်တို့စားသောက်ရန် ကြီးကြပ်စီမံပေးသော ငါ့အရှင်ဘုရင်ကို ငါကြောက်၏။ သင်တို့မျက်နှာသည် သင်တို့နှင့်သက်တူရွယ်တူလူငယ်တို့၏မျက်နှာနှင့်မတူ ညှိုးငယ်နေမည်ကို အဘယ်ကြောင့် သူ့ကို မြင်စေမည်နည်း။ သို့ဖြစ်လျှင် ငါသည် ဘုရင်ထံမှ အပြစ်ဒဏ်ခံရလိမ့်မည်”ဟု ပြန်ပြော၏။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။