သင်၏အဝတ်များသည် အစဉ်အမြဲဖြူနေပါစေ။ သင်၏ခေါင်းပေါ်မှနံ့သာဆီကိုလည်း မခန်းခြောက်စေနှင့်။
သင့်အဝတ်လည်း၊ အစဉ်ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့်။
ဦး ခေါင်း တွင် ဆီ မွှေး လိမ်း ကျံ လျက်၊ ဖြူ စင် သော အ ဝတ် ကို အ မြဲ ဝတ် ဆင် လော့။
သင့်အဝတ်လည်း၊ အစဉ် ဖြူစင်ပါလေစေ။ သင့်ခေါင်းသည်လည်း နံ့သာဆီ မခန်းမခြောက်စေနှင့်။
ထို့ကြောင့် ယွာဘသည် တေကောမြို့သို့ လူလွှတ်၍ ထိုမြို့မှ လိမ္မာပါးနပ်သောအမျိုးသမီးတစ်ဦးကို ခေါ်လာစေပြီးလျှင် “ယခု သင်သည် ဆီမလိမ်းဘဲ ငိုကြွေးမြည်တမ်းရာဝတ်စုံကိုဝတ်ပြီး လူသေအတွက် နေ့ရက်များစွာငိုကြွေးမြည်တမ်းနေသောမိန်းမကဲ့သို့ ဟန်ဆောင်ငိုကြွေးလျက်
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
ထိုရက်သတ္တပတ်သုံးပတ်တိုင်တိုင် စားကောင်းသောက်ဖွယ်ကို မစား၊ အသားနှင့် စပျစ်ဝိုင်ကိုလည်း မသုံးဆောင်၊ ဆီကိုလည်း မလိမ်းဘဲ နေ၏။
ယောသပ်အမျိုးပျက်စီးသွားသည်ကို ဝမ်းမနည်းဘဲ အကောင်းဆုံးဆီမွှေးကိုလိမ်းကျံပြီး စပျစ်ဝိုင်ကို ဖလားလိုက်သောက်လျက်နေကြ၏။
သို့သော် သင်သည် အစာရှောင်သောအခါ မိမိအစာရှောင်နေကြောင်းကို လူတို့ရှေ့၌မထင်ရှားစေဘဲ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖရှေ့တော်၌သာ ထင်ရှားစေရန် သင်၏ခေါင်းကိုဆီလိမ်း၍ သင်၏မျက်နှာကိုသစ်လော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။
(ကြည့်ရှုလော့။ ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်မပါအချည်းစည်းဖြင့်သွားလာ၍ မိမိအရှက်ကို လူတို့မြင်ရသည့်အဖြစ်မျိုးမရှိစေရန် မိမိအဝတ်များကိုထိန်းသိမ်းလျက် သတိနှင့်စောင့်နေသောသူသည် မင်္ဂလာရှိ၏။)
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
သင်သည် ရေချိုး၊ ဖီးလိမ်းပြီးလျှင် ကောင်းကောင်းမွန်မွန် ဝတ်ဆင်၍ တလင်းပြင်သို့သွားပါ။ သူ စားသောက်၍မပြီးမချင်း သင်ရောက်နေသည်ကို သူမသိစေနှင့်။