မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
ဒေသနာကျမ်း။ 7:20 - မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။ Common Language Bible အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။ Garrad Bible အ ကယ် စင် စစ် အ ပြစ် ကင်း ၍၊ ကောင်း မှု ကို ပြု တတ် သော ဖြောင့် မတ် သူ တစ် ဦး တစ် ယောက် မျှ၊ မြေ ပေါ် တွင် မ ရှိ ချေ။ Judson Bible အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာ မရှိ။ |
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကိုပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကိုအမျက်ထွက်၍ ရန်သူလက်သို့အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
ဤသို့ သင်ပြောသောစကားတို့သည် မမှန်ကန်ဟု အကျွန်ုပ်ဆိုမည်။ အကြောင်းမူကား ဘုရားသခင်သည် လူထက် ပို၍ကြီးမြတ်တော်မူ၏။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။
လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
“ငါသည် ငါ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေပြီ၊ ငါသည် အပြစ်မှစင်ကြယ်ပြီ”ဟု မည်သူပြောဆိုနိုင်သနည်း။
ငါတို့ရှိသမျှသည် လမ်းလွဲသောသိုးကဲ့သို့ ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ငါတို့၏အပြစ်ရှိသမျှကို သူ့အပေါ်ကျရောက်စေတော်မူ၏။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူဖျော့ဖျော့ဖြစ်လျှင် ၎င်းသည် အရေပြားပေါ်၌ ပေါက်သောညှင်းဖြစ်၏။ သူသည် စင်ကြယ်၏။
အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
ထို့ကြောင့် ယောနသန်သည် အမျက်ပြင်းစွာထွက်၍ စားပွဲမှထလေ၏။ မိမိခမည်းတော်သည် ဒါဝိဒ်ကို နှိမ်သောကြောင့် စိတ်ထိခိုက်သဖြင့် လဆန်းပွဲဒုတိယနေ့တွင် အစာကို မစားဘဲနေ၏။