(ဣရှမေလအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ သူသည် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။)
ဒေသနာကျမ်း။ 3:20 - မြန်မာ့စံမီသမ္မာကျမ်း အားလုံးသည် တစ်ခုတည်းသောအရပ်သို့ သွားကြ၏။ အားလုံးသည် မြေမှုန့်မှဖြစ်လာ၍ အားလုံးသည် မြေမှုန့်သို့ပြန်သွားကြ၏။ Common Language Bible အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။ Garrad Bible အား လုံး တို့ သည် မြေ မှုန့် ဖြစ်၍၊ မြေ မှုန့် သို့ ပြန် သွား ရ သ ဖြင့်၊ တစ် နေ ရာ တည်း ရောက် ကြ ရ၏။ Judson Bible အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။ |
(ဣရှမေလအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။ သူသည် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။)
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
မရဏာနိုင်ငံသည် ငါမျှော်လင့်ရာအိမ်ဖြစ်၍ ငါ့အိပ်ရာကို မှောင်မိုက်၌ ခင်းထားရလျှင်
အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။
လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။
လေလွင့်ပျောက်ကွယ်သွားတတ်သောမိုးတိမ်ကဲ့သို့ မရဏာနိုင်ငံသို့ဆင်းသွားသောသူလည်း ပြန်တက်လာနိုင်မည်မဟုတ်။
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏။
မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
လူသားတို့၏ဝိညာဉ်သည် အထက်အရပ်သို့တက်သွား၍ တိရစ္ဆာန်၏ဝိညာဉ်သည် အောက်အရပ်မြေကြီးထဲသို့ဆင်းသွားသည်ဟု မည်သူသေချာသိနိုင်သနည်း။
အကယ်၍ ထိုလူသည် အနှစ်တစ်ထောင်ကိုနှစ်ဆတိုး၍အသက်ရှင်ရသော်လည်း ကောင်းကျိုးချမ်းသာကိုမတွေ့ရလျှင် မည်သည့်အကျိုးရှိမည်နည်း။ အားလုံးသည် တစ်ခုတည်းသောအရပ်သို့သွားကြသည်မဟုတ်လော။
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
ထိုပြည်ကိုကြည့်ရှုပြီးသောအခါ သင်၏အစ်ကိုအာရုန်ကဲ့သို့ သင်သည်လည်း မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်။