Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 103:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ခန္ဓာကိုယ်​ဖွဲ့စည်း​ပုံ​ကို​သိ​တော်မူ​၏​။ ငါ​တို့​သည် မြေမှုန့်​ဖြစ်ကြောင်း​ကို သတိရ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ တို့ ကိုယ် ခ န္ဓာ ကို သိ ကျွမ်း၍၊ မြေ မုန့် မျှ ဖြစ် ကြောင်း သ တိ ရ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကြောင်း​မူ​ကား၊ ငါ​တို့​ကိုယ်​ခ​န္ဓာ​ကို သိ​တော်​မူ၏။ ငါ​တို့​သည် မြေ​မှုန့်​ဖြစ်​ကြောင်း​ကို အောက်​မေ့​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 103:14
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။


သင့်​ကို မြေ​မှ​ဖြစ်လာ​စေ​သည်​ဖြစ်၍ သင်​သည် မြေ​သို့​မ​ပြန်​မီ​တိုင်အောင် သင်​၏​နဖူး​မှ​ချွေး​နှင့်​ရင်း​၍ အစာ​ကို​စား​ရ​မည်​။ အကြောင်းမူကား သင်​သည် မြေမှုန့်​ဖြစ်​သောကြောင့် မြေမှုန့်​သို့​ပြန်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​အား ရွှံ့စေး​ကဲ့သို့ ပုံသွင်း​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ ယခု အကျွန်ုပ်​ကို မြေမှုန့်​ပြန်ဖြစ်​စေ​တော်မူ​မည်လော​။


လေနှင်ရာ​လွင့်ပါ​သွား​သော​သစ်ရွက်​ကို ခြောက်လှန့်​တော်မူ​မည်လော​။ ကောက်ရိုး​ခြောက်​ကို လိုက်​တော်မူ​မည်လော​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


အကျွန်ုပ်​၏​အသက်တာ​သည် မည်မျှ​တိုတောင်း​သည်​ကို​လည်းကောင်း​၊ လူသား​အပေါင်း​တို့​ကို အချည်းနှီး​သော​အရာ​အဖြစ် ဖန်ဆင်း​တော်မူ​ခဲ့​သည်​ကို​လည်းကောင်း သတိရ​တော်မူ​ပါ​။


မြေမှုန့်​သည် လာ​ရင်း​မြေ​သို့​ပြန်သွား​သကဲ့သို့ အသက်​ဝိညာဉ်​သည် ၎င်း​ကို​ပေး​တော်မူ​သော​ဘုရားသခင်​ထံသို့​ပြန်သွား​မည့်​အချိန်​မ​ရောက်​မီ ကိုယ်တော်​ကို​အောက်မေ့​လော့​။


သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ