သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
ဒေသနာကျမ်း။ 3:13 - မြန်မာ့စံမီသမ္မာကျမ်း လူတိုင်း စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအားလုံးအပေါ်၌ ကျေနပ်အားရလျက်နေခြင်းသည်လည်း ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်ကြောင်း ငါသိ၏။ Common Language Bible လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ Garrad Bible လူ တိုင်း စား သောက် ခြင်း၊ လုပ် ကိုင် သ မျှ၌ စိတ် ရွှင် လန်း ခြင်း များ သည်၊ ဘု ရား သ ခင့် ဆု ကျေး ဇူး ဖြစ် ကြောင်း ကိုလည်း ကောင်း၊ ငါ သိ ၏။ Judson Bible လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ |
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
လူသားတို့သည် မိမိတို့၏အနည်းငယ်သော အသက်တာနေ့ရက်များ၌ မိုးကောင်းကင်အောက်တွင် မည်သည့်အရာပြုကောင်းသည်ကို ငါမြင်ရသည်အထိ ငါ့စိတ်နှလုံးကို ဉာဏ်ပညာဖြင့်ဦးဆောင်ရင်း မိုက်မဲသောအမှု၌ကျင်လည်၍ ငါ့ကိုယ်ခန္ဓာကိုစပျစ်ဝိုင်ဖြင့်အားတက်စေမည်ဟု ငါ့စိတ်နှလုံးထဲတွင် ငါကြံစည်၏။
ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
သင်နှင့်သင်၏အိမ်သူအိမ်သားတို့အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ကောင်းမြတ်သောအရာရှိသမျှတို့အတွက် သင်မှစ၍ လေဝိအမျိုး၊ သင့်တွင်ရှိသောတိုင်းတစ်ပါးသားတို့အတူတကွ ဝမ်းမြောက်ရမည်။