Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 3:13 - Garrad Bible

13 လူ တိုင်း စား သောက် ခြင်း၊ လုပ် ကိုင် သ မျှ၌ စိတ် ရွှင် လန်း ခြင်း များ သည်၊ ဘု ရား သ ခင့် ဆု ကျေး ဇူး ဖြစ် ကြောင်း ကိုလည်း‌ ကောင်း၊ ငါ သိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 လူ​တိုင်း​စား​သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​ကြိုး​စား အား​ထုတ်​သ​မျှ​သော​အ​မှု၌ ပျော်​မွေ့​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့်​သာ အ​ခွင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 လူ​တိုင်း စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ်​၌ ကျေနပ်အားရ​လျက်​နေ​ခြင်း​သည်​လည်း ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်ကြောင်း ငါ​သိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 3:13
14 ပူးပေါင်းရင်းမြစ်များ  

စား ပွဲ ထိုင် သော အ ခါ၊ ကိုယ့် လုပ် ဆောင် ကျိုး စား ရ လျက်၊ မင်္ဂ လာ ချမ်း သာ ရှိ ပါ စေ သော။


မည် သူ သည် အ သက် ကို နှစ် သက် ၍၊ တာ ရှည် ကောင်း စား လို သ နည်း။


ငါ့ ထက်၊ စား သောက်၍ သု ခ ဝေ ဒ နာ ခံ စား သူ မည် သူ မျှ မ ရှိ သည် နှင့် အ ညီ၊ စား သောက် ခြင်း၊ လုပ် ကိုင် မှု ၌ စိတ် ရွှင် လန်း ခြင်း များ ထက်၊ လူ ၌ ကောင်း သော အ ရာ မ ရှိ ချေ။ ထို သို့ သော အ ခွင့် ကို ဘု ရား သ ခင့် လက် တော် မှ ရ သည် ဟု ငါ သိ ၏။


လူ့ သား တို့ သည် အ သက် တာ နေ့ ရက် ပိုင်း၌၊ မိုး ကောင်း ကင့် အောက် တွင် ပြု သင့် ရာ ကို မ သိ မ ချင်း၊ ဉာဏ် က လိ မ္မာ စွာ ပြု ပြင် လျက်၊ ကိုယ် ခ န္ဓာ ကို စ ပျစ် ရည် ဖြင့် အား ရှိ စေ ရန် လည်း‌ ကောင်း၊ မိုက် မဲ ခြင်း ကို လည်း စွဲ ကိုင် စေ ရန် လည်း‌ ကောင်း၊ စိတ် နှ လုံး၌ ငါ ကြံ စည်၏။


စိတ် တပ် မက် သ မျှ သော အ ရာ ကို ချင် ရဲ ပြေ အောင်၊ ဘု ရား သ ခင့် ထံ မှ စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ ရ သော လူ သည်၊ ကိုယ် တိုင် ခံ စား ခွင့် မ ရ ဘဲ၊ သူ စိမ်း တစ် ယောက် ခံ စား ရ ခြင်း များ မှာ၊ အ န တ္တ အ မှု၊ ဘေး ဆိုး သ ဖွယ် ဖြစ်၏။


ထို အ ခါ၊ စား သောက်၍ ရွှင် လန်း သည် ထက်၊ လူ တို့၌ ကောင်း မြတ် သော အ ရာ တစ် စုံ တစ် ခု မျှ နေ အောက် တွင် မ ရှိ သော ကြောင့် လည်း‌ ကောင်း၊ ထို သို့ သော အ ရာ သည်၊ ဘု ရား သ ခင် ပေး တော် မူ သည့် အ တိုင်း၊ နေ အောက် တွင် လုပ် ကိုင် ရန် အ သက် တာ၌ တည် မြဲ မည် ဖြစ် သော ကြောင့် လည်း‌ ကောင်း၊ ရွှင် လန်း ခြင်း ကို ကောင်း လေ စွ ဟု ငါ ဆို ၏။


သင် ပြု သော အ မှု အ ရာ များ ကို၊ ဘု ရား သ ခင် နှစ် သက် တော် မူ သော ကြောင့်၊ ရွှင် လန်း သော စိတ် နှင့် စား ဖွယ် သောက် ဖွယ် ကို၊ သွား၍ အား ရ စွာ စားသောက် လော့။


ထို ဌာ န၌ ပင်၊ အိမ် သူ အိမ် သား တို့ ပါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ သုံး ဆောင် သည့် ပြင်၊ ပြု လေ ရာ ရာ တွင် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ခြင်း ကြောင့်၊ အား ရ ရွှင် လန်း ကြ ရ မည်။


သင် တို့ ဘောင် တွင် ရှိ သော လေ ဝိ ဂိုဏ်း သား၊ ဝင် နေ သူ တို့ ပါ၊ အား ရ ရွှင် လန်း ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ