ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
ဒေသနာကျမ်း။ 2:4 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါပြုသောအမှုများကို တိုးပွားစေ၏။ ငါ့အတွက် အိမ်များကို ငါတည်ဆောက်၍ စပျစ်ခြံများကို ငါစိုက်ပျိုး၏။ Common Language Bible ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။ Garrad Bible ကြီး ကျယ် စွာ ငါ စီ မံ သည် မှာ၊ တိုက် အိမ် များ ကို တည် ဆောက် ခြင်း၊ စ ပျစ် ဥ ယျာဉ် များ ကို စိုက် ပျိုး ခြင်း။ Judson Bible ကြီးကျယ်သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏။ |
ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။
အဗရှလုံအသက်ရှင်စဉ်က “ငါ့နာမည် မပျောက်ပျက်အောင် စောင့်ထိန်းပေးမည့်သား မရှိ”ဟု ဆိုလျက် ကျောက်တုံးကို ယူ၍ ရှင်ဘုရင်ချိုင့်ဝှမ်းတွင် မိမိနာမည်ဖြင့်သမုတ်၍ ကျောက်တိုင်စိုက်ထူခဲ့၏။ ထိုကျောက်တိုင်ကို ယနေ့တိုင် “အဗရှလုံကျောက်တိုင်”ဟု ခေါ်ဝေါ်ကြ၏။
“သင့်ခမည်းတော်နှင့်အကျွန်ုပ်၏ခမည်းတော် ကတိသစ္စာပြုခဲ့သကဲ့သို့ သင်နှင့်အကျွန်ုပ်လည်း ကတိသစ္စာပြုခဲ့ပါ၏။ ယခု သင့်အား ရွှေငွေများကို လက်ဆောင်အဖြစ်ပေးလိုက်ပါ၏။ အစ္စရေးဘုရင်ဗာရှာမင်းကြီးသည် အကျွန်ုပ်ထံမှ တပ်ရုပ်သွားရန် သူနှင့်ပြုသောကတိသစ္စာကို သွား၍ဖျက်ပါလော့”ဟု မှာလိုက်လေ၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ ရှင်ဘုရင်နန်းတော်နှင့် မိမိဆန္ဒအတိုင်းတည်ဆောက်လိုသမျှကို တည်ဆောက်ပြီးစီးသောအခါ
ရာမမြို့သားရှိမိသည် စပျစ်ခြံများကို ကြီးကြပ်ပေးရ၏။ ရှိဖမိမြို့သားဇာဗဒိသည် စပျစ်ဝိုင်သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ရှောလမုန်မင်းကြီးက “ထာဝရဘုရား၏သေတ္တာတော်ရောက်ရှိရာနေရာတိုင်းသည် သန့်ရှင်းသည်ဖြစ်၍ ဖာရောမင်းကြီး၏သမီးတော်သည် အကျွန်ုပ်၏မိဖုရားဖြစ်သော်လည်း အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး၏နန်းဆောင်တွင် မနေသင့်”ဟု ဆိုလျက် ဖာရောမင်းကြီး၏သမီးတော်ကို ဒါဝိဒ်မြို့မှ သူ့အဖို့ဆောက်လုပ်ပေးသောနန်းတော်သို့ ပို့ဆောင်၏။
ထိုသူတို့က မိမိတို့အိမ်သည် အစဉ်အမြဲတည်၍ မိမိတို့နေထိုင်ရာအရပ်သည် မျိုးဆက်အစဉ်အဆက်တည်လိမ့်မည်ဟု ထင်မှတ်လျက် မြေကွက်တို့ကို မိမိတို့အမည်ဖြင့်မှည့်ခေါ်ကြ၏။
စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
ငါချစ်သောသူအတွက် သူ၏စပျစ်ခြံကိုရည်စူး၍ မေတ္တာသီချင်းကို ငါသီဆိုမည်။ မြေဆီမြေနှစ်ကောင်းသောတောင်ကုန်းပေါ်တွင် ငါချစ်သောသူ၏စပျစ်ခြံရှိ၏။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။