သူသည် အပြစ်အပေါ် ထပ်ဆင့်အပြစ်ကျူးလွန်ပြီ။ ငါတို့ကို လက်ခုပ်တီးပြောင်လှောင်လေပြီ။ ဘုရားသခင်ကို ဆန့်ကျင်သောစကား များစွာပြောဆိုလေပြီ”ဟု ဆိုလေ၏။
ဒေသနာကျမ်း။ 10:14 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။ Common Language Bible မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။ Garrad Bible လူ မိုက် စ ကား ပေါ များ သော် လည်း ဖြစ် ပျက် အံ့ သော အ ကြောင်း အ ရာ ကို လူ မ သိ ချေ။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို မည် သူ ဖော် ပြ နိုင် သ နည်း။ Judson Bible မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။ |
သူသည် အပြစ်အပေါ် ထပ်ဆင့်အပြစ်ကျူးလွန်ပြီ။ ငါတို့ကို လက်ခုပ်တီးပြောင်လှောင်လေပြီ။ ဘုရားသခင်ကို ဆန့်ကျင်သောစကား များစွာပြောဆိုလေပြီ”ဟု ဆိုလေ၏။
ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။
စကားများစွာပြောဆိုသောအခါ အပြစ်ပါလာတတ်၏။ မိမိ၏နှုတ်ကိုချုပ်တည်းသောသူမူကား ပညာသတိရှိ၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
မိုက်မဲသောသူတို့သည် မြို့သို့သွားသောလမ်းကိုပင် မသိသောကြောင့် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် သူတို့ကိုပင်ပန်းစေ၏။
သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။
အလုပ်များပြားခြင်းအားဖြင့် အိပ်မက်မက်တတ်သကဲ့သို့ စကားများပြားခြင်းအားဖြင့် မိုက်မဲသောသူ၏အသံပါတတ်၏။
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။
သင့်နှုတ်ဖြင့် ငါ့အား ဆန့်ကျင်ပုတ်ခတ်သောစကား၊ မောက်မောက်မာမာပြောဆိုခဲ့သောစကားအလုံးစုံကို ငါကြား၏’ဟု မိန့်တော်မူ၏။