တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
ထွက်မြောက် 7:14 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီး၏စိတ်နှလုံးသည် ခိုင်မာ၍ အစ္စရေးလူမျိုးတို့ကို လွှတ်ရန်ငြင်းဆန်၏။ Common Language Bible ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း ဖာ ရော မင်း သည် စိတ် နှ လုံး ခက် မာ သ ဖြင့် ထို လူ မျိုး ကို မ လွှတ် လို ငြင်း ဆို၏။ Judson Bible ထာဝရဘုရားကလည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။ |
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
အကယ်၍ သင်သည် ငါ၏လူမျိုးတော်ကို မလွှတ်ဘဲ ငြင်းဆန်နေမည်ဆိုလျှင် မနက်ဖြန် သင့်နယ်မြေထဲသို့ ကျိုင်းကောင်များကို ငါရောက်လာစေမည်။
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။
ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သူတို့ကို မလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် ငါသည် သင့်ပြည်တစ်ပြည်လုံးကို ဖားများဖြင့်ဒဏ်ခတ်မည်။
ဖာရောမင်းကြီးသည် ထိုသို့မိုးမရွာ၊ မိုးသီးနှင့် မိုးချုန်းသံများလည်းရပ်စဲသွားသည်ကို သိမြင်လျှင် တစ်ဖန်ပြစ်မှား၍ သူနှင့်သူ၏အမှုထမ်းတို့သည် စိတ်နှလုံးခိုင်မာလျက်ရှိ၏။
ထိုအခါ ဖာရောမင်းကြီးသည် လူကိုစေလွှတ်ရာ အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေကြောင်း သိရှိ၏။ သို့သော်လည်း ဖာရောမင်းကြီးသည် စိတ်နှလုံးခိုင်မာလျက် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလေ၏။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ဖာရောမင်းကြီးအပါအဝင် အီဂျစ်လူမျိုးတို့ စိတ်နှလုံးမာကျောခဲ့သကဲ့သို့ အဘယ်ကြောင့် သင်တို့ စိတ်နှလုံးမာကျောကြသနည်း။ သူတို့ကို ဘုရားသခင် ပြင်းထန်စွာဒဏ်ခတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့ကို လွှတ်လိုက်ရသဖြင့် အစ္စရေးလူမျိုးတို့ ထွက်လာကြရသည်မဟုတ်လော။