အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
အာ မ ရံ သည် အ ရီး ယော ခေ ဗက် နှင့် အိမ် ထောင် ဘက် ပြု၍ ထို မိန်း မ သည် အာ ရုန် နှင့် မော ရှေ တို့ ကို ဖွား ၏။ အာ မ ရံ့ အ သက် နှစ် ပေါင်း မှာ တစ် ရာ့ သုံး ဆယ့် ခု နစ် နှစ် တည်း။
အာမရံသည် မိမိအရီးယောခေဗက်နှင့်စုံဖက်၍၊ သူသည် အာရုန်နှင့်မောရှေကိုလည်းကောင်း၊ သူတို့အစ်မမိရိအံကိုလည်းကောင်း ဖွားလေ၏။ အာမရံအသက်သည် အနှစ်တစ်ရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။
အာမရံ၏သားများမှာ အာရုန်နှင့်မောရှေ တို့ဖြစ်ကြ၏။ အာရုန်သည် အသန့်ရှင်းဆုံးဌာနကို သန့်ရှင်းစင်ကြယ်စေရန်၊ သူနှင့်သူ့သားမြေးတို့သည် ထာဝရဘုရားရှေ့တော်တွင် ယဇ်ပူဇော်ရသောအမှုကို အစဉ်ဆောင်ရွက်ရန်နှင့် နာမတော်ကို အစဉ်ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။
လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
ကောဟတ်၏သားများမှာ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ တို့ဖြစ်ကြ၏။ ကောဟတ်အသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်သုံးနှစ်ဖြစ်၏။
လေဝိမျိုးနွယ်စုများကား လိဗနိမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ မဟာလိမျိုးနွယ်စု၊ မုရှိမျိုးနွယ်စု၊ ကောရမျိုးနွယ်စု တို့ဖြစ်ကြ၏။ ကောဟတ်သည် အာမရံ၏ဖခင် ဖြစ်၏။
အာမရံမယား၏အမည်မှာ ယောခေဗက် ဖြစ်၏။ အီဂျစ်ပြည်၌ လေဝိမယားမွေးဖွားသော လေဝိသမီးဖြစ်၏။ ယောခေဗက်သည် အာမရံအားဖြင့် အာရုန်၊ မောရှေနှင့် သူတို့၏အစ်မမိရိအံ တို့ကို မွေးဖွား၏။
သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။
မဲချရာတွင် ကောဟတ်အမျိုးတို့ မျိုးနွယ်စုအလိုက် မဲကျ၏။ လေဝိအမျိုးအနွယ်၊ ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် ယုဒအမျိုးအနွယ်၊ ရှိမောင်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။