ထို့ကြောင့် အစ္စရေးလူမျိုးတို့ကို အဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူများသည် ထွက်သွား၍ သူတို့အား “ဖာရောမင်းကြီးက ‘ငါသည် သင်တို့ကို ကောက်ရိုးမပေး။
အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
ထို လူ မျိုး အ ပေါ်၌ အုပ် ချုပ် ကြပ် ဆော် သူ တို့ သည် ထွက်၍၊ ကောက် ရိုး ကို ငါ မ ပေး။
အအုပ်အချုပ်အကြပ်အဆော်တို့သည် ထွက်၍၊ ဖာရောဘုရင်က ကောက်ရိုးကိုငါမပေး။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
သင်တို့ကိုယ်တိုင် ကောက်ရိုးကိုတွေ့နိုင်သည့်နေရာမှ သွားယူကြလော့။ သို့သော် သင်တို့၏အလုပ်အနည်းငယ်မျှ မလျော့ရ’ဟူ၍ မိန့်ဆို၏”ဟု ပြောလေ၏။
ထိုနေ့ချင်းတွင် ဖာရောမင်းကြီးသည် လူတို့ကိုအဓမ္မစေခိုင်းသူများနှင့် အလုပ်ကြီးကြပ်သူတို့အား
သူတို့အား ပို၍ပင်ပန်းသောအလုပ်ကိုလုပ်စေပါ။ အလုပ်ကိုသာလုပ်စေပြီး လှည့်ဖြားသောစကားတို့ကို နားမယောင်စေနှင့်”ဟု အမိန့်ပေးလေ၏။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။