ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ဘုရားသခင်တည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။
ထွက်မြောက် 40:9 - မြန်မာ့စံမီသမ္မာကျမ်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဘိသိက်သွန်း၍ ကိန်းဝပ်တော်မူရာတဲတော်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုအခါ ကိန်းဝပ်တော်မူရာတဲတော်သည် သန့်ရှင်းလိမ့်မည်။ Common Language Bible ``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။- Garrad Bible ဘိ သိက် သွန်း ရန် ဆီ ကို ယူ၍ စံ ရာ တော် နှင့် တ ကွ ရှိ လေ သ မျှ ကို သွန်း လောင်း လျက် စံ ရာ တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို သီး သန့် စေ လော့။ ထို စံ ရာ တော် သည် သီး သန့် ရာ ရောက် လိမ့် မည်။ Judson Bible လိမ်းရန် ဆီကိုယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကိုလိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့တဲတော်သည် သန့်ရှင်းရလိမ့်မည်။ |
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ဘုရားသခင်တည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။
အမွှေးနံ့သာဖော်စပ်နည်းအတိုင်း သန့်ရှင်းသောဘိသိက်ဆီ၊ စင်ကြယ်သောအမွှေးနံ့သာပေါင်းတို့ကို ဖော်စပ်၏။
ကြေးနီယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက်ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ်တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဘိသိက်ဆီကိုယူပြီး ကိန်းဝပ်တော်မူရာတဲတော်နှင့် အထဲရှိအရာအားလုံးကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်နှိပ်တော်မူ၍ စရန်အဖြစ် ငါတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို သွင်းပေးတော်မူ၏။
ဘုရားသခင်သည် ငါတို့ခံရသောဆင်းရဲဒုက္ခအမျိုးမျိုးတို့၌ ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။ ဤသည်ကား ဘုရားသခင်ထံမှ ငါတို့ရရှိသောနှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံနေရသောသူတို့အား ငါတို့နှစ်သိမ့်ပေးနိုင်ရန်အတွက်ဖြစ်၏။
ထို့နောက် တဲတော်နှင့်တကွ ဝတ်ပြုရာတွင်အသုံးပြုသောပစ္စည်းရှိသမျှတို့ကိုလည်း ထိုနည်းတူသွေးနှင့် ပက်ဖျန်းလေ၏။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။