Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 39:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ကြေးနီ​ယဇ်ပလ္လင်​၊ ထို​ယဇ်ပလ္လင်​အတွက်​ကြေးနီ​မီးကျီးခံပြား​၊ ထို​ယဇ်ပလ္လင်​၏​ထမ်းပိုး​များ​နှင့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊ အင်တုံ​နှင့် အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ပူ ဇော် ရာ ကြေး ပ လ္လင် တော် မှ စ၍ ကြေး ရာ ဇ မတ်၊ ထမ်း ပိုး၊ အ သုံး အ ဆောင် ရှိ သ မျှ အင် တုံ နှင့် အောက် ခြေ များ ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပ​လ္လင်​ထမ်း​ပိုး​အ​စ​ရှိ​သော တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် သူ၏​ခြေ​ထောက်​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:39
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ရှေ့​တော်​ရှိ ကြေးနီ​ယဇ်ပလ္လင်​သည် သေးငယ်​၍ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ထို​နေ့​တွင်ပင် ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို​လည်း သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​၍ ထို​နေရာ​တွင်ပင် မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။


ယဇ်ပလ္လင်​ကို အကေရှား​သစ်သား​ဖြင့် လုပ်​ရ​မည်​။ ထို​ယဇ်ပလ္လင်​သည် အလျား​ငါး​တောင်​၊ အနံ​ငါး​တောင် စတုရန်း​ပုံ​ဖြစ်​၍ အမြင့်​သုံး​တောင်​ရှိ​ရ​မည်​။


ယဇ်ပလ္လင်​အတွက် ကြေးနီ​စကာ​မီးကျီးခံပြား​ကို​လုပ်​၍ မီးကျီးခံပြား​ထောင့်​လေး​ထောင့်​စကာ​ပေါ်တွင် ကြေးနီ​ကွင်း​လေး​ကွင်း​ကို​တပ်​ရ​မည်​။


“​ခြေလက်​ဆေးကြော​ရန် ကြေးနီ​ခြေတိုင်​ပါ​သော ကြေးနီ​အင်တုံ​ကို​လုပ်​ရ​မည်​။ ထို​အင်တုံ​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​ကြား​၌​ထား​၍ ရေ​ထည့်​ထား​ရ​မည်​။


ထို​ကြေးနီ​ဖြင့် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​အတွက် အောက်ခံအစွပ်​ကို​လည်းကောင်း​၊ ကြေးနီ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​အတွက် ကြေးနီ​မီးကျီးခံပြား​ကို​လည်းကောင်း​၊ ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊


ရွှေ​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊ ဘိသိက်​ဆီ​နှင့်​အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း​၊ တဲ​တော်​အဝင်ဝ​လိုက်ကာ​ကို​လည်းကောင်း​၊


တဲတော်ဝင်း​၏​အကာ​များ​၊ ထို​အကာ​များ​၏​တိုင်​များ​နှင့် တိုင်​များ​၏​အောက်ခံအစွပ်​များ​ကို​လည်းကောင်း​၊ ဝင်း​တံခါး​၏​လိုက်ကာ​ကို​လည်းကောင်း​၊ ဝင်း​အတွက်​ကြိုး​များ​နှင့်​ငုတ်တိုင်​များ​ကို​လည်းကောင်း​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​အမှု​တော်​နှင့်ဆိုင်သည့် တန်ဆာပလာ​ရှိသမျှ​ကို​လည်းကောင်း​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ