ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင်ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။
ထွက်မြောက် 40:5 - မြန်မာ့စံမီသမ္မာကျမ်း နံ့သာပေါင်းရွှေယဇ်ပလ္လင်ကို သက်သေခံချက်သေတ္တာတော်၏ရှေ့၌ထားရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အဝင်ဝ၌ လိုက်ကာတပ်ရမည်။ Common Language Bible နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။- Garrad Bible နံ့ သာ ပေါင်း တင် ရှို့ ရန် ရွှေ ပ လ္လင် တော် ကို သက် သေ တော် သေ တ္တာ ရှေ့ တွင် ထား၍ စံ ရာ တော် မုတ် ဝ ပိတ် ရန် ကန့် လန့် ကာ ကို လည်း ကာ ထား လော့။ Judson Bible နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကိုဆွဲကာရမည်။ |
ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင်ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။