၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
ထွက်မြောက် 40:13 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်ကို သန့်ရှင်းသောအဝတ်တန်ဆာ ဝတ်ဆင်ပေးရမည်။ သူသည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌ အမှုတော်ကိုဆောင်ရွက်ရန် သူ့ကိုဘိသိက်ပေး၍ သန့်ရှင်းစေရမည်။ Common Language Bible အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။- Garrad Bible အာ ရုန် ကို သန့် ရှင်း သော သင်္ကန်း စုံ နှင့် ဆင် ယင် လျက်၊ ပ ရော ဟိတ် အ မှု ကို ငါ ရှေ့ ဆောင် ရွက် စေ ရန် ဘိသိက် သွန်း ၍ သီး သန့် စေ လော့။ Judson Bible အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။ |
၎င်းတို့ကို သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများအား ဝတ်ဆင်စေရမည်။ သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သူတို့ကို ဘိသိက်ပေးရမည်။ သူတို့ကိုခန့်အပ်ရမည်။ သူတို့ကိုသန့်ရှင်းစေရမည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
သူတို့ကို ဘိသိက်ပေးသောနေ့၌ အစ္စရေးအမျိုးသားတို့သည် သူတို့အား ထိုဝေစုကိုပေးရန် ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။ ၎င်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။