Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 40:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ​၏​သား​တို့​ကို​လည်း ခေါ်လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ကို ဝတ်ဆင်​ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သား တို့ ကို လည်း ခေါ် ၍ လက် ကျပ် ဝတ် လုံ နှင့် ဆင် ယင် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သူ၏​သား​တို့​သည်​လည်း ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​လျက်၊ သူ​တို့​အ​ဘ​ကို ဆီ​လိမ်း​သ​ကဲ့​သို့၊ သူ​တို့​ကို​ဆီ​လိမ်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 40:14
11 ပူးပေါင်းရင်းမြစ်များ  

သူ​၏​သား​တို့​ကို​လည်း ခေါ်လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ဆင်​ပေး​ရ​မည်​။


အာရုန်​ကို သန့်ရှင်း​သော​အဝတ်တန်ဆာ ဝတ်ဆင်​ပေး​ရ​မည်​။ သူ​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌ အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ့​ကို​ဘိသိက်ပေး​၍ သန့်ရှင်း​စေ​ရ​မည်​။


သူ​တို့​သည် ငါ့​ထံ၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် သူ​တို့​၏​ဖခင်​ကို ဘိသိက်ပေး​သကဲ့သို့ သူ​တို့​ကို ဘိသိက်ပေး​ရ​မည်​။ ထိုသို့ ဘိသိက်ပေး​ခြင်း​သည် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို အစဉ်အမြဲ​ဆက်ခံ​စေရန်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ထာဝရဘုရား​၌ အလွန်​ဝမ်းမြောက်​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌ ရွှင်လန်း​မည်​။ အကြောင်းမူကား သတို့သား​သည် ခေါင်းပေါင်း​ပေါင်း​ထား​သကဲ့သို့​၊ သတို့သမီး​သည် ရတနာ​များ​ဖြင့် ကိုယ်​ကို​တန်ဆာဆင်​ထား​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ကယ်တင်​ခြင်း​အဝတ်တန်ဆာ​ဆင်ယင်​ပေး​၍ ဖြောင့်မတ်​ခြင်း​ဝတ်ရုံ​လွှမ်းခြုံ​စေ​တော်မူ​ပြီ​။


မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း ခေါ်ဆောင်​လာ​၍ သူ​တို့​အား အတွင်းသင်တိုင်း​ဝတ်ပေး​ပြီး ခါးစည်း​စည်းပေး​၏​။ ခေါင်းပေါင်း​ကို​လည်း ပေါင်းပေး​၏​။


အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။


သခင်​ယေရှု​ခရစ်တော်​ကို ဝတ်ဆင်​ကြ​လော့။ သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို​ဖြည့်ဆည်း​ရန် မ​ကြံစည်​ကြ​နှင့်။


ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။


မိမိ​၏​သား​တော်​တည်းဟူသော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​ထဲသို့ သင်​တို့​ကို​ခေါ်​တော်မူ​သော​ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ