သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
ထွက်မြောက် 40:10 - မြန်မာ့စံမီသမ္မာကျမ်း မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကိုလည်း ဘိသိက်သွန်း၍ ယဇ်ပလ္လင်ကိုသန့်ရှင်းစေရမည်။ ထိုအခါ အထူးသန့်ရှင်းသောယဇ်ပလ္လင် ဖြစ်လိမ့်မည်။ Common Language Bible ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။- Garrad Bible မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို လည်း ဘိ သိက် ဆီ သွန်း ၍ သီး သန့် စေ သ ဖြင့် ထို ပ လ္လင် တော် သည် အ ထူး သီး သန့် ရာ ရောက် လိမ့် မည်။ Judson Bible ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကိုလိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသောပလ္လင်ဖြစ်ရမည်။ |
သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
ဘိသိက်ဆီအချို့ကို ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှ၊ အင်တုံနှင့်အင်တုံ၏ခြေတိုင်တို့ကို သန့်ရှင်းစေရန် ဘိသိက်သွန်း၏။
ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းစေခြင်းခံရကြမည့်အကြောင်း အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်များကိုမြွက်ဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိပေးတော်မူ၏။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။