ထွက်မြောက် 4:31 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။ Common Language Bible သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။ Garrad Bible သူ တို့ ယုံ ကြည် လျက် ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား ကြွ ရောက် ကြည့် ရှု တော် မူ ကြောင်း ကို လည်း ကောင်း၊ ညှဉ်း ပန်း ခံ ရ ခြင်း ကို ရှု မြင် တော် မူ ကြောင်း ကို လည်း ကောင်း ကြား နာ ရ သော အ ခါ ဦး ညွှတ် ရှိ ခိုး ကြ ကုန် ၏။ Judson Bible ထိုလူများတို့သည်ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူသည်ကိုလည်းကောင်း၊ သူတို့ခံရသောဆင်းရဲခြင်းကို မှတ်တော်မူသည်ကိုလည်းကောင်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။ |
လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးက လူထုအပေါင်းတို့အား “ယခု သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြလော့”ဟု မိန့်ဆိုလျှင် လူထုတစ်ရပ်လုံးက သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြပြီး ထာဝရဘုရားရှေ့၊ ရှင်ဘုရင်ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
ထိုအခါ ယောရှဖတ်မင်းကြီးသည် မြေပေါ်ပျပ်ဝပ်တော်မူလျှင် ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည်လည်း ထာဝရဘုရားရှေ့တော်တွင် ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
ဧဇရသည် ကြီးမြတ်တော်မူသောဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုသောအခါ လူအပေါင်းတို့သည် လက်ကိုမြှောက်လျက် “အာမင် အာမင်”ဟု ဝန်ခံကြ၏။ ထို့နောက် မြေပေါ်တွင်ပျပ်ဝပ်လျက် ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြ၏။
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။
ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။
လူအပေါင်းတို့က “ထာဝရဘုရားမိန့်ဆိုတော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်”ဟု တညီတညွတ်တည်းပြန်ဖြေကြ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ပြန်လျှောက်လေ၏။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
ဘုရားသခင်သည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူ၍ သူတို့ကို သိမှတ်တော်မူ၏။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
တဲတော်အဝင်ဝ၌တည်နေသော မိုးတိမ်တိုင်ကို မြင်သည်နှင့် လူအပေါင်းတို့သည် မိမိတဲအဝင်ဝ၌ ရှိခိုးကိုးကွယ်ကြလေ၏။
ထာဝရဘုရားက “ဤအမှုကိုထောက်၍ သူတို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မူကြောင်း သူတို့ယုံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။