တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ထွက်မြောက် 39:42 - မြန်မာ့စံမီသမ္မာကျမ်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။- Garrad Bible မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပင် ဣ သ ရေ လ အ မျိုး သား တို့ သည် အ လုပ် အ ဆောင် ရှိ သ မျှ ကို လက် စ သတ် ကြ ပြီး မှ၊ Judson Bible ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ဆောင်ခဲ့ကြ၏။ |
တစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ဟုခေါ်သောအဋ္ဌမလတွင် ရေးဆွဲချမှတ်ထားသောအိမ်တော်ပုံစံအတိုင်း ဆောက်လုပ်ပြီးစီး၏။ အိမ်တော်ကို ခုနစ်နှစ်တိုင် ဆောက်လုပ်ခဲ့ရ၏။
ဘဏ္ဍာတိုက်မှစ၍ မည်သည့်ကိစ္စရပ်မဆို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့သည် ဘုရင့်အမိန့်တော်ကို တသဝေမတိမ်းလိုက်နာကြရ၏။
ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
သင်တို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည်လည်း လာ၍ ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။
သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။
မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ငါသည် ယူဖရေးတီးမြစ်ရှိရာသို့သွား၍ ထိုခါးပတ်ကို ဝှက်ထားလေ၏။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။