ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
ထွက်မြောက် 38:31 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းပတ်ပတ်လည်အတွက် အောက်ခံအစွပ်နှင့် ဝင်းတံခါးအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏ငုတ်တိုင်ရှိသမျှနှင့် ဝင်းပတ်ပတ်လည်၏ငုတ်တိုင်ရှိသမျှကိုလည်းကောင်း လုပ်၏။ Common Language Bible တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။ Garrad Bible ပတ် လည် ရှိ တံ တိုင်း အောက် ခံ ခုံ၊ တံ တိုင်း တံ ခါး အောက် ခံ ခုံ များ နှင့် စံ ရာ တော် ကြက် ဆူး၊ တံ တိုင်း ကြက် ဆူး ရှိ သ မျှ ကို လည်း ကောင်း ထို ကြေး နှင့် လုပ် လေ ၏။ Judson Bible ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌စိုက်သော တံသင်ရှိသမျှကိုလည်းကောင်း လုပ်လေ၏။ |
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိစ္စအဝဝအတွက် တန်ဆာပလာ၊ တဲငုတ်တိုင်၊ ဝင်းငုတ်တိုင် အားလုံးတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ထိုကြေးနီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကြေးနီယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြားကိုလည်းကောင်း၊ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။