တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ထွက်မြောက် 38:19 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းတံခါးအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံကြေးနီအစွပ်လေးခုနှင့် ငွေချိတ်ကိုလုပ်၏။ တိုင်ထိပ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်မွမ်းမံ၏။ Common Language Bible ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။- Garrad Bible တိုင် လေး လုံး၊ ကြေး အောက် ခံ ခုံ လေး ခု၊ ငွေ မှို၊ ငွေ ထိပ် ပတ် များ ရှိ၏။ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ၏။ Judson Bible ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသောထိပ်များနှင့် ပြည့်စုံကြ၏။ |
တိုင်ထိပ်တွင်အုပ်ဖို့ ကြေးနီဖြင့်သွန်းလုပ်ထားသောတိုင်အုပ်နှစ်ခုကို သွန်းလုပ်၏။ တိုင်အုပ်တစ်ခုစီသည် အမြင့်ငါးတောင်ရှိ၏။
ထိုအကာအတွက် တိုင်နှစ်ဆယ်နှင့် တိုင်အောက်ခံအစွပ်အခုနှစ်ဆယ်ကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့်တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်ရမည်။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။
ကိန်းဝပ်တော်မူရာတဲတော်နှင့် ဝင်းပတ်ပတ်လည်အတွက် ငုတ်တိုင်အားလုံးကို ကြေးနီဖြင့်လုပ်၏။