ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
ထွက်မြောက် 37:10 - မြန်မာ့စံမီသမ္မာကျမ်း အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှားသစ်သားဖြင့်လုပ်၍ Common Language Bible သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။- Garrad Bible အ လျား နှစ် တောင်၊ အ နံ တစ် တောင်၊ အ မြင့် တစ် တောင့် ထွာ ရှိ သော စား ပွဲ တော် ကို လည်း ရှား သား နှင့် လုပ်၍၊ Judson Bible အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသောစားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
စားပွဲနှင့် ထိုစားပွဲ၏တန်ဆာပလာများကိုလည်းကောင်း၊ ရွှေစင်ဆီမီးခုံနှင့် ထိုဆီမီးခုံ၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊
စားပွဲ၊ စားပွဲ၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊
ခေရုဗိမ်တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင်ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိ၏။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင်ဘက်သို့ မျက်နှာမူ၏။
စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။
“သင်တို့မူကား စားပွဲတော်ကို ရှုတ်ချလျက် ‘ဘုရားရှင်၏စားပွဲတော်သည် ညစ်ညူး၏။ အသီးအနှံနှင့် အစားအစာများသည်လည်း ရွံရှာဖွယ်ဖြစ်၏’ဟု ဆိုကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။