မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
ထွက်မြောက် 35:26 - မြန်မာ့စံမီသမ္မာကျမ်း စိတ်အားထက်သန်သောမိန်းမအပေါင်းတို့သည် ဆိတ်မွေးကိုကျွမ်းကျင်စွာငင်ကြ၏။ Garrad Bible နှ လုံး ရည် ထက် သန် သော မိန်း မ အ ပေါင်း တို့ လည်း ဆိတ် မွေး ကို ငင် ဝင့် ကြ ၏။ Judson Bible မိမိဉာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ၏။ |
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
စိတ်အားထက်သန်သောသူ၊ စိတ်စေတနာရှိသောသူအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ထိုတဲတော်၏အမှုရှိသမျှ၌အသုံးပြုရန်အတွက်၊ သန့်ရှင်းသောအဝတ်တန်ဆာအတွက် ထာဝရဘုရားထံအလှူပစ္စည်းကို ယူဆောင်လာကြ၏။
လက်မှုအတတ်ကျွမ်းကျင်သောမိန်းမအပေါင်းတို့သည်လည်း မိမိတို့လက်ဖြင့်ဗိုင်းငင်ပြီးလျှင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ခင်တို့ကိုလည်းကောင်း၊ ပိတ်ချောထည်ကိုလည်းကောင်း ယူဆောင်လာကြ၏။
ခေါင်းဆောင်ဖြစ်သောသူတို့သည်လည်း ဧဖုဒ်နှင့်ရင်ခံပြားအတွက် မဟူရာကြောင်ဝင်ကျောက်များနှင့်စီခြယ်စရာကျောက်များကိုလည်းကောင်း၊
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
မောရှေသည် ဗေဇလေလနှင့် အဟောလျဘကိုလည်းကောင်း၊ ထာဝရဘုရားထံမှ ဉာဏ်ပညာရရှိသော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ကိုလည်းကောင်း၊ အလုပ်လာလုပ်ရန်စိတ်အားထက်သန်သောသူအပေါင်းတို့ကိုလည်းကောင်း ခေါ်လေ၏။
အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။
သူသည် မိမိ၏လက်တွင် ဗိုင်းလိပ်တံကိုကိုင်ထားလျက် မိမိ၏လက်ထဲ၌ ရစ်လုံးကိုဆုပ်ကိုင်ထားတတ်၏။