မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
ထွက်မြောက် 35:25 - မြန်မာ့စံမီသမ္မာကျမ်း လက်မှုအတတ်ကျွမ်းကျင်သောမိန်းမအပေါင်းတို့သည်လည်း မိမိတို့လက်ဖြင့်ဗိုင်းငင်ပြီးလျှင် အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်ချည်ခင်တို့ကိုလည်းကောင်း၊ ပိတ်ချောထည်ကိုလည်းကောင်း ယူဆောင်လာကြ၏။ Common Language Bible ချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။- Garrad Bible နှ လုံး ရည် ကောင်း သော မိန်း မ အ ပေါင်း တို့ သည် ကိုယ် တိုင် ငင် ဝင့် ပြီး လျှင် အ ပြာ အ မောင်း အ နီ ချည်၊ လျှော် ချည် တည်း ဟူ သော ငင် ဝင့် သ မျှ ကို ဆက် ကပ် ကြ၏။ Judson Bible ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း၊ ကိုယ်လက်နှင့်ရက်၍၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ၏။ |
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
ဘုရားသခင်၏အိမ်တော်အမှုရှိသမျှကို ဆောင်ရွက်သော ယဇ်ပုရောဟိတ်တို့၏အဖွဲ့၊ လေဝိလူမျိုးတို့၏အဖွဲ့နှင့် လုပ်ငန်းတိုင်းကိုကျွမ်းကျင်ပြီး စေတနာစိတ်ရှိသောသူတို့သည် သင်လုပ်ဆောင်လေရာရာတွင် သင်နှင့်အတူ လုပ်ဆောင်ကြလိမ့်မည်။ မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည်လည်း သင်ညွှန်ကြားသမျှကို လုပ်ဆောင်ပေးကြလိမ့်မည်”ဟု ဆို၏။
အာရုန်သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်သောအခါ သန့်ရှင်းခြင်းရှိစေရန် သူဝတ်ရမည့်အဝတ်တန်ဆာကို ငါပေးသောဉာဏ်ပညာဖြင့် လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ ချုပ်လုပ်ပေးကြမည့်အကြောင်း သင်ဆင့်ဆိုရမည်။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှားသစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။
ဗေဇလေလ၊ အဟောလျဘနှင့်တကွ ထာဝရဘုရားထံတော်မှ ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်ရရှိ၍ သန့်ရှင်းရာဌာနဆောက်လုပ်ခြင်းနှင့်ဆိုင်သောအတတ်အမျိုးမျိုးတို့ကို သိမြင်လုပ်ဆောင်နိုင်သော လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ထာဝရဘုရားမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်”ဟု ဆိုလေ၏။
ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။ မိုက်မဲသောမိန်းမမူကား ၎င်းကို မိမိလက်ဖြင့် ဖြိုဖျက်တတ်၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။