သင်သည် အခြားသောဘုရားကို မရှိခိုးမကိုးကွယ်ရ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သဝန်တိုတတ်၏။ နာမတော်ကား သဝန်တိုသောဘုရားပေတည်း။
``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
မ ရှု စိတ် အ မည် တော် ရှိ သော ငါ ထာ ဝ ရ ဘု ရား သည်၊ မ ရှု စိတ် သော ဘု ရား ဖြစ် တော် မူ သော ကြောင့် အ ခြား ဘု ရား ကို ရှိ မ ခိုး ကြ ရ။
အခြားသောဘုရားကို သင်သည်မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားသခင်ဖြစ်တော်မူ၏။
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထာဝရဘုရားကလည်း “ငါ၏ကောင်းမြတ်ခြင်းအလုံးစုံတို့ကို မျက်ဝါးထင်ထင်သင်မြင်ရမည်။ ထာဝရဘုရား၏နာမကို သင့်ရှေ့၌ ကြေညာမည်။ ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်”ဟု မိန့်တော်မူ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။
ထာဝရဘုရားသည် သဝန်တိုသောဘုရား၊ လက်တုံ့ပြန်သောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်တုံ့ပြန်၏။ အမျက်တော်လည်း ပြင်းထန်၏။ ထာဝရဘုရားသည် ရန်သူတို့ကို လက်တုံ့ပြန်၏။ ရန်သူတို့အတွက် အမျက်တော်သိုထားတော်မူ၏။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
အခြားသောဘုရားများဖြင့် ကိုယ်တော်ကို သဝန်တိုစေပြီ၊ စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ကိုယ်တော်ကို အမျက်ထွက်စေပြီ။
သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ သဝန်တိုသောဘုရားဖြစ်တော်မူ၏။
‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။
သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။
သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။
ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။
သင်တို့ကိုလည်း ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်တို့နေထိုင်သောပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားများကို မကြောက်ရဟု ငါမိန့်ဆိုခဲ့သော်လည်း သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။