သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ထွက်မြောက် 31:14 - မြန်မာ့စံမီသမ္မာကျမ်း ဥပုသ်နေ့သည် သင်တို့အတွက် သန့်ရှင်းသောကြောင့် သင်တို့သည် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ်နေ့ကိုညစ်ညူးစေသောသူသည် မုချအသတ်ခံရမည်။ တစ်စုံတစ်ယောက်သည် ဥပုသ်နေ့၌အလုပ်လုပ်လျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ Common Language Bible ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။- Garrad Bible သင် တို့ အ ဖို့ ဥ ပုသ် နေ့ သီး သန့် ထား သော ကြောင့် စောင့် ကြ ရ မည်။ ရှုတ် ချ သူ မည် သည် ကား၊ မု ချ သေ ဒဏ် ခံ စေ။ ထို နေ့၌ အ မှု အ ရေး ကို လုပ် ဆောင် သူ တိုင်း အ မျိုး ဘောင် မှ ပယ် ရှား ခံ ရ မည်။ Judson Bible ဥပုသ်နေ့သည် သင်တို့အားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။ |
သူတို့အား ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဥပုသ်နေ့ကို သိစေတော်မူ၏။ ကိုယ်တော်၏အစေအပါးမောရှေမှတစ်ဆင့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ တရားတော်များကို ပေးအပ်တော်မူ၏။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
လူသည် မောရှေ၏ပညတ်တရားကိုမချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းကိုခံသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် ငါ့ကိုစိတ်ဆိုးရသလော။