Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 31:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ထာဝရဘုရား​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​အရှင်​ဖြစ်ကြောင်း​သိမြင်​စေရန် ငါ​၏​ဥပုသ်နေ့​ကို သင်​တို့ ဧကန်အမှန် စောင့်ထိန်း​ရ​မည်​။ ဤ​အမှု​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​တိုင်အောင် ငါ​နှင့်​သင်​တို့​ကြားတွင် အမှတ်လက္ခဏာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​သည် သင်​တို့​ကို​သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ငါ​နှင့် သင်​တို့​၏​သား​စဉ်​မြေး​ဆက်​စပ်​ကြား၌ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ဖို့​ရာ၊ ငါ့​ဥ​ပုသ်​နေ့​ကို စင်​စစ်​စောင့်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 31:13
24 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား ကိုယ်တော်​၏​သန့်ရှင်းမြင့်မြတ်​သော​ဥပုသ်နေ့​ကို သိ​စေ​တော်မူ​၏​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​မှတစ်ဆင့် ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ တရားတော်​များ​ကို ပေးအပ်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


ဤ​အမှု​သည် ငါ​နှင့်​အစ္စရေး​အမျိုးသား​တို့​ကြား ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ခြောက်​ရက်​ပတ်လုံး ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီး သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​၍ အနားယူ​တော်မူ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ထိုသို့​ပြု​သော​သူ​၊ ထို​အရာ​ကို​ဆုပ်ကိုင်​ထား​သော​လူသား​၊ ဥပုသ်နေ့​ကို​မ​ညစ်ညူး​စေ​ဘဲ စောင့်ထိန်း​သော​သူ​၊ မည်သည့်​မကောင်းမှု​ကို​မျှ​မ​ပြု​မိ​စေရန် မိမိ​လက်​ကို​ချုပ်တည်း​သော​သူ​သည် မင်္ဂလာ​ရှိ​၏​”​ဟု မိန့်​တော်မူ​၏​။


ဥပုသ်နေ့​၌ အိမ်​ထဲမှ​ဝန်ထုပ်​များ​ကို မ​သယ်ထုတ်​ရ​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​ကြ​လော့​။


ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း သူ​တို့​သိရှိ​ရန် အမှတ်လက္ခဏာ​အဖြစ် ဥပုသ်နေ့​ကို သတ်မှတ်​ပေး​ခဲ့​၏​။


ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​စေ​ဖို့ ဥပုသ်နေ့​သည် ငါ​နှင့်​သင်​တို့​ကြား​တွင် အမှတ်လက္ခဏာ​ဖြစ်​၏’​ဟု ငါ​ဆို​ခဲ့​၏​။


ဤသို့ ငါ​၏​သန့်ရှင်းရာဌာန​သည် သူ​တို့​၌ အစဉ်​တည်ရှိ​သောအခါ ငါ​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့ သိ​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


အမှုအခင်း​ဖြစ်၍ တရားစီရင်​မည်​ဆိုလျှင် ငါ့​စီရင်ထုံးဖွဲ့ချက်​အတိုင်း စီရင်​ရ​မည်​။ ငါ​သတ်မှတ်​ထား​သော​ပွဲတော်​ဆိုင်ရာ ငါ့​ပညတ်ချက်​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို​လည်း ထိန်းသိမ်း​ရ​မည်​။ ငါ့​ဥပုသ်နေ့​ကို​လည်း သန့်ရှင်း​စေ​ရ​မည်​။


လူ​တိုင်း ကိုယ့်​မိဘ​ကို ရိုသေ​ရ​မည်​။ ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ရ​မည်​။ လိုက်နာ​ရ​မည်​။ ငါ​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် သင်​၏​ဘုရားသခင်​အား စားဖွယ်ရာ​ကို​ဆက်သ​ရ​သောကြောင့် သင်​သည် သူ့​ကို သန့်ရှင်း​စေ​ရ​မည်​။ သူ​သည် သင့်​အဖို့ သန့်ရှင်း​သော​သူ​ဖြစ်​ရ​မည်​။ အကြောင်းမူကား သင်​တို့​ကို​သန့်ရှင်း​စေ​သော ငါ​ထာဝရဘုရား​သည် သန့်ရှင်း​၏​။


ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​နေ့​ဖြစ်၍ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​၌ ထို​နေ့​သည် ထာဝရဘုရား​၏​ဥပုသ်နေ့​ဖြစ်​၏​။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​သောအခါ ထို​ပြည်​သည် ထာဝရဘုရား​အဖို့ ဥပုသ်​စောင့်​ရ​မည်​။


ငါ​၏​ဥပုသ်နေ့​ကို စောင့်ထိန်း​၍ ငါ​၏​သန့်ရှင်းရာဌာန​ကို ရိုသေ​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သင်​တို့​က “လဆန်းပွဲနေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ငါ​တို့ စားနပ်ရိက္ခာ​ရောင်း​လို​လှ​ပြီ​။ ဥပုသ်နေ့ မည်သည့်​အချိန်​ပြီး​မည်နည်း​၊ ဂျုံစပါး​ဈေး ဖွင့်​လို​လှ​ပြီ​။ ဧဖာ​တောင်း​ငယ်​၊ ရှယ်ကယ်​အလေးကြီး​နှင့် ချိန်ခွင်လျှာ​ကို ကိုယ့်ဘက်သာအောင် လုပ်​ကြ​မည်​။


မိုက်မဲ​သော​မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ထို​ရွှေ​လော​၊ သို့မဟုတ် ထို​ရွှေ​ကို​သန့်ရှင်း​စေ​သည့် ဗိမာန်​တော်​လော။


သမ္မာတရား​အားဖြင့် သူ​တို့​ကို​သန့်ရှင်း​စေ​တော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်​ပါ​၏။


သူ​တို့​သည်​လည်း သမ္မာတရား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​မည့်​အကြောင်း အကျွန်ုပ်​သည် သူ​တို့​အတွက် မိမိကိုယ်ကို​သန့်ရှင်း​စေ​ပါ​၏။


သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။


ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။


ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ