နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
ထွက်မြောက် 29:34 - မြန်မာ့စံမီသမ္မာကျမ်း အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအသားဖြစ်စေ၊ မုန့်ဖြစ်စေ နံနက်တိုင်အောင်ကြွင်းကျန်လျှင် ထိုအကျန်ကို မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအရာဖြစ်၍ မည်သူမျှမစားရ။ Common Language Bible ထိုအသားနှင့်မုန့်တို့သည်နံနက်သို့တိုင်အောင် ကျန်ကြွင်းနေသေးလျှင်မီးရှို့ပစ်ရမည်။ ထို အစားအစာတို့သည်သန့်ရှင်းသောကြောင့် မည်သူမျှမစားရ။ Garrad Bible ခန့် ထား ခြင်း ဆိုင် ရာ အ သား ဖြစ် စေ၊ မုန့် ဖြစ် စေ၊ နံ နက် တိုင် ကြွင်း လျှင် ထို အ ကြွင်း ကို ကျွမ်း လောင် စေ။ သီး သန့် ပြီး ဖြစ် သော ကြောင့် မည် သူ မျှ မ စား ရ။ Judson Bible အရာ၌ခန့်ထားရာနှင့်ဆိုင်သော အမဲသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင်၊ ထိုအကြွင်းကိုမီးရှို့ရမည်။ သန့်ရှင်းသောကြောင့်၊ အဘယ်သူမျှ မစားရ။ |
နံနက်တိုင်အောင် မကြွင်းကျန်စေရ။ နံနက်တိုင်အောင်ကြွင်းကျန်လျှင် မီးရှို့ပစ်ရမည်။
မောရှေက သူတို့အား “မည်သူမျှ ထိုမုန့်ကို နံနက်တိုင်အောင်မကြွင်းကျန်စေရ”ဟု ဆိုသော်လည်း
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ငါ့အားပူဇော်သောအဆီကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
အာရုန်အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ထိုရင်ပုံကိုချီလွှဲရမည်။ ၎င်းသည် သင်၏ဝေစုဖြစ်၏။
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
သင်သည် ယဇ်ကောင်၏သွေးကို တဆေးပါသောမုန့်နှင့်အတူ ငါ့အား မပူဇော်ရ။ ပသခါပွဲ၌ပူဇော်သောယဇ်ကောင်ကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။
ထို့နောက် မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်အကြောင်း စုံစမ်းမေးမြန်းသောအခါ ၎င်းကိုမီးရှို့ပြီးနှင့်ပြီကို သိမြင်လေ၏။ ထို့ကြောင့် သူသည် အာရုန်၏အသက်ရှင်ကျန်ရစ်ခဲ့သောသား ဧလာဇာ၊ ဣသမာတို့အား အမျက်ထွက်၍