အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
ထွက်မြောက် 28:34 - မြန်မာ့စံမီသမ္မာကျမ်း ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်ရမည်။ Judson Bible သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံးစီခြားလျက်၊ အစဉ်အတိုင်းဆွဲထားရမည်။ |
အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
ဝတ်လုံ၏အောက်နားအတွက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် သလဲသီးပုံများကို လုပ်ရမည်။ အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် ရွှေဆည်းလည်းများကိုလည်း ပတ်ပတ်လည်တပ်ရမည်။
အာရုန်သည် အမှုတော်ဆောင်ရွက်သောအခါ ထိုဝတ်လုံကိုဝတ်ရမည်။ သူသည် ထာဝရဘုရားရှေ့တော်ရှိ သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ထွက်သောအခါတိုင်း ဆည်းလည်းသံမြည်နေရမည်။ သို့မှ သေဘေးနှင့်ကင်းလိမ့်မည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ်အောက်ရှိဝတ်လုံကို အပြာရောင်ချည်သက်သက်ဖြင့် ရက်လုပ်၏။
အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သော ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်၏။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
သင့်အစို့အညှောက်သည် အကောင်းဆုံးအသီးကိုသီးသောသလဲတော၊ နာဒုပင်ရောပေါက်သော ဟင်္နာတော၊
သင့်နှုတ်ခမ်းများသည်လည်း အနီရောင်ဖဲကြိုးနှင့် တူပါ၏။ သင့်နှုတ်သည်လည်း ချစ်စရာကောင်းလှပါ၏။ မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့် တူပါ၏။
“ချိုင့်ဝှမ်းလွင်ပြင်ရှိအပင်ငယ်တို့ကို ကြည့်ရှုရန်နှင့် စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ သလဲပင် ပွင့်မပွင့် တွေ့မြင်ဖို့ရန် သစ်သီးခြံသို့ အကျွန်ုပ်ဆင်းသွား၏။
မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့်တူပါ၏။
အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။