အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ထွက်မြောက် 28:25 - မြန်မာ့စံမီသမ္မာကျမ်း ကြိုးနှစ်ချောင်း၏ကျန်အစွန်းနှစ်ဖက်ကို ဧဖုဒ်၏ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးပေါ်ရှိ ကျောက်မျက်အိုးနှစ်ခု၌ တပ်ရမည်။ Common Language Bible အခြားရွှေကြိုးနှစ်စကိုရွှေပန်းထည်နှစ်ခုတွင် တပ်ဆင်သဖြင့် ရင်ဖုံးကိုသင်တိုင်းပခုံးသိုင်း ကြိုးများနှင့်ဆက်လျက်ရှိစေမည်။- Garrad Bible နန်း ကြိုး လိမ် နှစ် ပင် အ ဖျား ကို လုပ် ပြီး ပန်း ထည် နှစ် ခု တွင် သွင်း တပ် ပြီး လျှင် ကိုယ် ဝတ် ပ ခုံး သိုင်း ရှေ့ မှာ တပ် ထား လော့။ |
အစ္စရေး၏သားတို့အမည်များကို ကမ္ပည်းတံဆိပ်အဖြစ် ထိုကျောက်နှစ်လုံးအပေါ်၌ ကျောက်ဆစ်အတတ်ပညာဖြင့် ကမ္ပည်းထိုး၍ ရွှေကျောက်မျက်အိုး၌ ထည့်ထားရမည်။
ကြိုးကျစ်သကဲ့သို့ ကျစ်ထားသောရွှေစင်ကြိုးနှစ်ချောင်းကို လုပ်၍ ထိုရွှေစင်ကြိုးတို့ကို ကျောက်မျက်အိုးဖြင့် ဆက်ထားရမည်။
ရွှေကြိုးနှစ်ချောင်းကို ရင်ခံပြားအစွန်းတို့၌ရှိသောကွင်းနှစ်ကွင်းတွင်တပ်ပြီး
နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်နှင့်ဆက်လျက်ရှိသော ရင်ခံပြားအတွင်းလွှာ၏အနားစွန်းနှစ်ဖက်၌ တပ်ရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်၏။